Ad Code

Responsive Advertisement

အလုပ်သမားအခွင့်အရေးအတွက်ဆန္ဒထုတ်


အလုပ်သမားအခွင့်အရေးအတွက်ဆန္ဒထုတ်
ဖော်တောင်းဆိုခဲ့သော စမွတ်စာခွန်ခရိုင် အုန်းနွဲ့နယ်
မြေအတွင်းရှိ K.H Group ဂျယ်လီရုံမှ မြန်မာအလု
ပ်သမား ၃၀၀ ကျော်ခန့် ဌင်းတို့တောင်းဆိုသော
အချက် ၁၀ ချက်အနက် ၉ ချက်အားအလုပ်ရှင်မှ
လိုက်လျောပေးခဲ့ပြီး မြန်မာအလုပ်သမားများအောင်
ပွဲခံခဲ့ကြပါသည်။
အလုပ်သမားများလည်း တောင်းဆိုထားသည့်အ
ချက်များ လုပ်ငန်းရှင်ဘက်မှ လိုက်လျောပေးခဲ့သည့်
အတွက် ကျေနပ်လက်ခံခဲ့ပြီး အလုပ်ရုံအတွင်းပြန်
လည်ဝင်ရောက်၍ ပုံမှန်အတိုင်းလုပ်ငန်းခွင်ပြန်လည်
ဝင်ရောက်ခဲ့ကြပါသည်။
ထိုအလုပ်ရုံတွင်မြန်မာအလုပ်သမား ၄၀၀ ကျော်
လုပ်ကိုင်နေပြီး စည်းစည်းလုံးလုံးနဲ့စုပေါင်းတောင်း
ဆိုခဲ့တာကြောင့် ယ္ခုလိုအောင်မြင်မှုရခဲ့ခြင်းဖြစ်ပြီး
အလုပ်ရုံမှ အလုပ်သမားများကလည်း အလုပ်ရုံထဲ
ထိဝင်ရောက်ဆွေးနွေး၍ ထိထိရောက်ရောက်ကူညီ
ပေးခဲ့သည့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်
ရှောက်ရေးကော်မတီဝင်''AAC'' အဖွဲ့ကိုလည်း
ကျေးဇူးတင်တယ် လို့ပြောခဲ့ကြပါသည်။
တောင်းဆိုချက်များအား လက်ခံပါကြောင်းနှင့်ရှေ့
ဆက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်းလုပ်ငန်းရှင်မှ
ဝန်ခံဂတိစာချုပ်ကို နယ်မြေခံထိုင်းစစ်တပ်နှင့်ရဲတပ်
ဖွဲ့တာဝန်ရှိသူများ အလုပ်သမားကာကွယ်ရေးဌာန
အရာရှိများ ထိုင်းအာဏာပိုင်များနှင့် ''AAC''အဖွဲ့
ဝင်များ အလုပ်သမားကိုယ်စားလှယ်ခေါင်းဆောင်
များရှေ့မှာပဲ လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြသည်။
အလုပ်ရုံဘက်မှ လိုက်နာဆောင်ရွက်ခြင်းရှိမရှိကို
AAC အဖွဲ့မှ စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်သည်။
ဖော်ပြပုံများကတော့ အလုပ်သမားများ ထိုင်းတာဝန်
ရှိသူများ အလုပ်ရုံတာဝန်ရှိသူများနဲ့ ''AAC''အဖွဲ့
ဝင်များရဲ့ လှုပ်ရှားမှုပုံရိပ်များပါ။
၂၂ ဧပြီလ ၂၀၁၆
စမွတ်စာခွန်ခရိုင် အုန်းရိုင်နယ်မြေ
K.H Group ကင်းဟင်းစ် ဂျယ်လီရုံ
မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး
ကော်မတီဝင်''AAC''အဖွဲ့
ထိုင်းအခြေစိုက်

Ye Min Facebook မှ ကူးယူဖော်ပြသည်။

















Post a Comment

0 Comments

Close Menu