Ad Code

Responsive Advertisement

လင်မယားချင်း ဓားဖြင့်ထိုး၍ ဇနီးဖြစ်သူသေဆုံး


ဖြူး ဧပြီ ၂ဝ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့ဆေးရုံဝင်း ဝန်ထမ်းလိုင်းခန်းတွင် ဧပြီ ၁၉ ရက်က လင်မယားချင်း ထမင်း စားရင်း ရန်ဖြစ်စကားများကာ လုံးထွေးသတ်ပုတ်ရာမှ ဓားဖြင့်ထိုးခဲ့၍ ဇနီးဖြစ်သူ အထက်တန်းသူနာပြုမှာ ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ မသိန်းသိန်းဝင်း(၃၃နှစ်)သည် ခင်ပွန်းဖြစ်သူ အုံချစ်ဝိုင်း(၂၃)နှစ် ရာဇာဓိရာဇ်လမ်း အမှတ်(၁)ရပ်ကွက် ရေတာရှည်မြို့နေသူနှင့် ထမင်းစားနေရာမှ ရန်ဖြစ်စကားများကာ လုံးထွေး သတ်ပုတ်ခဲ့ပြီးနောက် အုံချစ်ဝိုင်းက အိမ်သုံး အရိုးအသွား ရှစ်လက်မခန့်ရှိ ဓားဖြင့်ထိုးခဲ့ရာ မသိန်းသိန်းဝင်းသေဆုံးသွားခဲ့ ၍ ဖြူးမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူအား အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu