လေယာဉ်ပေါ်တွင် သားယောင်္ကျားလေး(၁)ဦး မွေးဖွားခြင်း
Jetstar လေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ်အမှတ် 3K-583 သည် စင်္ကာပူ နိုင်ငံ ချန်ဂီလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ (22-4-2016)ရက်နေ့ (၁၈၃၅) အချိန်တွင် ဆိုက်ရောက်လာခဲ့ရာ အဆိုပါလေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး(၁)ဦး သည် လေယာဉ် ဆိုက်ရောက်ပြီး ဇီးရိုးပါကင်တွင် ရပ်နားစဉ် ကလေးမီးဖွား၇န် ဗိုက်နာ လာ သဖြင့် လေယာဉ်ပေါ်ရှိ လေယာဉ်မယ်များနှင့် ရန်ကုန်လေဆိပ် တာဝန်ကျ ဆရာဝန် (အမျိုးသမီး)တို့မှ မီးဖွား၇န် ကူညီဆောင်ရွက်ပေးခဲ့ရာ (၁၈၄၅) အချိန်တွင် သားယောင်္ကျားလေး (၁)ဦးအား လေယာဉ်ပေါ် တွင် မွေးဖွား ခဲ့ပါသည်။
ကလေးနှင့် မိခင်အား ရန်ကုန်လေဆိပ်မှ မြောက်ဥကလာပ ဆေးရုံကြီးသို့ (၁၉၁၅)အချိန်တွင် လူနာတင်ယာဉ်ဖြင့် ဆရာဝန်များ လိုက်ပါလျက် ပို့ဆောင်ပေးခဲ့ပါသည်။Aviation Police-YGN (fb)
http://www.thithtoolwin.com/
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji