Ad Code

Responsive Advertisement

ပန်းသေ ပန်းညိုး ကာကွယ်ရေး

ပန်းသေ ပန်းညိုး ကာကွယ်ရေး
( Prevention of ED erectile dysfunction )
...
အသက်အနည်းငယ် ရလာရင် အမျိုးသားများမှာ ဒီ ပြဿနာ ကြုံ ကြရ
ပါတယ် ။
မေးမြန်းသူလည်းများနေတာမို့ အရင် ED အကြောင်း တင်ပြီးပေမယ့် ၊
ခု ကာကွယ်နိုင်မယ့် နည်း တွေကို ထပ်တင်လိုက်ပါတယ် ။
...
အချက် ( ၁၀ ) ချက် ရှိပါတယ် ။
...
1. ကိုယ်အလေးချိန် ထိန်းသိမ်းပါ ( Maintain a Healthy Weight )
ဝဖြိုးလာရင် testosterone levels လျော့ကျသွားပါတယ် ။
ဝမ်းဗိုက်က အဆီပြင်က ကျား ဟော်မုန်း testosterone ကို မ ဟော်မုန်း
oestrogen အဖြစ် ပြောင်းလဲ ပစ်ပါတယ် ။
တခါ သွေးထဲက အဆီတွေကလည်း သွေးလှည့်ပတ်မှု ကို နှောင့်နှေးစေ
ပြီး ကျား တန်ဆာ ထဲကို သွေးဝင် နည်းစေပါတယ် ။
ကျား တန်ဆာဟာ သွေးပြည့်တင်းမှုကြောင့် တင်းမာလာခြင်း ဖြစ်တာပါ ။
.
2. အစားအသောက် ဂရုစိုက်ပါ ( Eat Smart )
အဆီ အစိမ့် အကြော်အလှော် များမှ အဆီများဟာ သွေးကြောတွေ ပိတ်
စေပါတယ် ။ အဟာရတန်ဖိုး နည်းပါးပြီး ကယ်လိုရီ များတဲ့ အစားအစာ
တွေ ရှောင်ရှားရပါမယ် ။
.
3. စိတ်ဖိစီးမှု လျော့ချပါ ( Minimize Stress )
စိတ်ဖိစီးမှုက အဒရီနယ်လင် ( adrenaline ) ၊ ကော်တီဇော ( cortisol 
)
ထွက်စေပါတယ် ။ Adrenalineက သွေးကြောတွေ ကျဉ်းစေပါတယ် ။
သွေးကြောကျဉ်းရင် ကျား တန်ဆာ တွင်းကို သွေးရောက်နည်းစေပါတယ် ။
cortisol များလာရင် အစားတွေ ပိုစားလာစေပါတယ် ။ အစား ပိုစားလာရင်
ဗိုက်မှာ ပိုပြီး အဆီ စုလာစေပါတယ် ။
.
4. ဆေးလိပ်ဖြတ်ပါ ( Eliminate Tobacco )
Tobacco ဟာ ကင်ဆာဖြစ်စေရုံသာ မကဘဲ ၊ သွေးကြောတွေပါ ကျဉ်း
စေပါတယ် ။ သွေးလှည့်ပတ်မှု နည်းရင် ကိုယ်တွင်း အင်္ဂါ အားလုံး ထိခိုက်
ပါတယ် ။
.
5. အရက်သောက်ခြင်း လျော့ပါ ( Consume Alcohol in Moderation )
အယ်လကိုဟော အနည်းငယ်ကတော့ စိတ်သောကတွေ လျော့ပါးစေပါတယ် ။
သွေးကြောကျယ်စေတဲ့အတွက် သွေးလှည့်ပတ်မှု ကောင်းစေပါတယ် ။
အယ်လကိုဟော များတဲ့အခါမှာတော့ ပန်းညိုး ဖို့ ပို ဖြစ်စေပါတယ် ။
.
6. ကောင်းစွာ အိပ်စက်ပါ ( Sleep Well )
အိပ်စက်ခြင်းက ဦးနှောက် နဲ့ ခန္ဓာ အားပြန်ပြည့်စေပါတယ် ။
အိပ်ပျက်များလာရင် အင်ဒိုခရိုင်း endocrine နဲ့ ကိုယ်ခံအား immune
လုပ်ငန်းစဉ်တွေ ကမောက်ကမ ဖြစ်စေပါတယ် ။
စားချင်စိတ်ကို ရော့နည်းစေတဲ့ လက်ပတင် leptin အထွက် နည်းသွားပြီး
စားချင်စိတ်ကို လှုံ့ ဆော်ပေးတဲ့ ဂရီလင် ghrelin နဲ့ ကော်တီဇော cortisol,
ပိုထွက်လာစေပါတယ် ။ သွေးတွင်း သကြားဓါတ်လည်း မြင်တက်လာစေ
ပါတယ် ။
အိပ်ပျက်၍ ကုန်ခမ်းလာတဲ့အခါ ပန်းညိုးဖို့ ဖြစ်လာပါတယ် ။
.
7. လေ့ကျင့်ခဏ်း မှန်မှန်လုပ်ရန် ( Exercise Regularly )
ကိုယ်လက် လှုပ်ရှားလေံကျင့်ခဏ်းက ဖိစီးမှုတွေ လျော့စေပါတယ် ။
နွမ်းနယ်မှု ပျောက်စေပါတယ် ။ ဆီးချို နှလုံး သွေးတိုး ရောဂါကြီးတွေ
ပင် သက်သာသွားစေနိုင်ပါတယ် ။
ကိုယ်လက်လှုပ်ရှားမှုက နှလုံး သန်မာစေပါတယ် ၊ ကြွက်သား အရိုးအဆစ်
လှုပ်ရှားမှု အားကောင်းစေပါတယ် ၊
ကာမဆက်ဆံရာမှာ အရေးပါတဲ့ တင်ပါဆုံကြွက်သားများ ၊ အတွင်းပိုင်း
ကြွက်သားများ ၊ စအိုပတ်လည်ကြွက်သား ( pelvic floor muscles ) များ
သန်စွမ်းလာစေပါတယ် ။
.
8. စအိုပတ်လည်ကြွက်သား ( Strengthen Your Pelvic Floor Muscles )
ကျား တန်ဆာ တောင့်တင်းစေဖို့ ရာမှာ အရေးပါတဲ့ ကြွက်သားများ
ဖြစ်ပါတယ် ။ ဤကြွက်းသားများ သန်မာစေဖို့ လေ့ကျင့်ပေးလို့ ရပါတယ် ။
ကီဂျယ် ( Kegels ) လေ့ကျင့်ခဏ်းလို့ ခေါ်ပါတယ် ။
လေ့ကျင့်နည်းကတော့ ..
ဆီးသွားနေစဉ် တ၀က်လောက်မှာ တင်ပါး ပေါင် ၀မ်းဗိုက် ကြွက်သား
များ အကူအညီ မပါစေဘဲ အသက်အောင့်မထာဘဲ ဆီးကို နှေးသွားအောင်
ထိန်းပေးရပါမယ် ။
နှေးအောင်ထိန်းပေးနိုင်ရင် ရပ်ပစ်နိုင်အောင် လုပ်ရပါမယ် ။
ရပ်အောင် နှေးအောင် လုပ်နိုင်ရင် ၎င်း ကြွက်းသားများအပေါ် ထိရောက်မှု
ရှိပါပြီး ။
ဆီးကို နှေးအောင် လုပ်နေစဉ် ၁ ကနေ ၅ ထိ နှေးနှေး ရေတွက်ပါ ။
ဆီးကို ပြန်လွှတ်ရင်လည်း ၁ ကနေ ၅ ထိ နှေးနှေး ရေတွက်ပါ ။
၁၀ ခါလောက် ရအောင် လုပ်ရန်ဖြစ်ပါတယ် ။
တနေ့ ကို ၃ ကြိမ်လောက်လည်း လုပ်ရပါမယ် ။
.
9. ဆက်ဆံမှုကို မပြတ်လုပ်ရန် ( Stay Sexually Active )
ကျား တန်ဆာဟာ ပုံမှန်အသုံးပြုပေးခြင်းဖြင့် သန်စွမ်းမှု ရရှိနေမှာ
ဖြစ်ပြီး အသက်အရွယ်ကြောင့် ညိုးခြင်း လျော့ပါးစေပါတယ် ။
.
10. ကောင်းမွန်တဲ့ ဆက်ဆံရေး (Maintain a Healthy Relationship )
ဇနီးမောင်နှံ စိတ်တူ ကိုယ်ရေးကိုယ်တာကိစ္စများမှာကိုယ်တူ ပွင့်ပွင့်လင်းလင်း
ရင်းရင်းနှီးနှီး ဆက်ဆံရေးဟာ အရေးကြီးပါတယ် ။
.
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
1 March 2016 .

Credit to Dr.Myint Thein

Post a Comment

0 Comments

Close Menu