Ad Code

Responsive Advertisement

ဆီးချိုသွေးချိုရောဂါအတွက် သင်္ဘောသီးစိမ်းရေနွေးချမ်း



ဆီးချိုသွေးချိုရောဂါအတွက် သင်္ဘောသီးစိမ်းရေနွေးချမ်း
ဆီးချိုသွေးချိုရောဂါနှင့်အထူးကုဆရာဝန်ကြီးများမှ ညွန်ကြားပေးသော
ဆေးများကို ၂ နှစ်ခန့် သောက်နေရသော နန်းရှေ့ကန် ကောက်သစ်ရွာမှ အမေသိန်းသည် ပုပ္ပါးတောင်သို့ ဘုရားဖူးသွားနေရင်း လမ်းတွင် ဆီးချိုတက်၍ မေ့လဲကျသွားစဉ် ပုပ္ပါးတောင်စောင်းတန်းမှ အမေကြီးတစ်ဦးက သင်္ဘောသီးစိမ်း ရေနွေးချမ်းကို တိုက်ကျွေးခဲ့ရာ အမေသိန်းမှာ ဆီးချိုသက်သာလာ၍ တစ်လခန့် ဆက်တိုက်သောက်ခဲ့သဖြင့် ဆီးချိုရောဂါ အတက်အကျ မရှိတော့သဖြင့် အခြားဆေးများလည်း သောက်စရာမလိုပဲ မူးဝေခြင်း၊ မေ့လဲခြင်းများ လုံးဝမရှိတော့ပဲ ကျန်းမာလာခဲ့သည်။
ဆေးနည်း-
(၁) သင်္ဘောသီးအစိမ်းတစ်လုံးကို ပုံထဲကအတိုင်း ထိပ်ပိုင်းကို ဖြတ်ပါ။
(၂) သင်္ဘောသီးအထဲမှ အစေ့များကို ဇွန်းဖြင့် ဖယ်ထုတ်ပါ။
(၃) ရေနွေးပူပူကို သင်္ဘောသီးထဲသို့ လောင်းထည့်၍ ဖြတ်ထားသောအပိုင်းကို
ပြန်လည်ဖုံးအုပ်ထားပါ။
(၄) မိနစ် (၂၀)ခန့် နှပ်ထားပြီး ၄င်းရေနွေးကို အအေးခံ၍ သောက်ပါ။
(၅) ၄င်းသင်္ဘောသီးတစ်လုံးကို တစ်ရက်အတွင်း ၄ကြိမ်၊ ၅ ကြိမ်ခန့် ရေနွေးစိမ်၍ သောက်နိုင်ပါသည်။
သင်္ဘောသီးရေနွေးစိမ်ကို သောက်သုံးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါများ သက်သာသည့်အပြင် သွေးယားခြင်း၊ အိပ်မပျော်ခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်းများကိုလည်း သက်သာပျောက်ကင်းစေပါသည်။
ငွေကုန်ကြေးကျနည်းပြီး ဘေးထွက်ဆိုးကျိုးနည်းသည့် သဘာဝဆေးနည်းဖြစ်သည့်အတွက် ဆီးချိုရောဂါဝေဒနာရှင်များ စမ်းသပ်သောက်သုံးနိုင်ကြစေရန် ပြန်လည်ရေးသား မျှဝေပေးလိုက်ပါသည်။
စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား - ကြည်လွင်မြင့် (မုဒြာ)၊ ဆရာမဒေါ်ကြည်ကြည်သန်း

Post a Comment

0 Comments

Close Menu