Ad Code

Responsive Advertisement

အစၥလာမ္ဘာသာကို စွန့်လွှတ်လိုက်သူတစ်ဦးရဲ့ ရင်ဖွင့်သံ



အစ္စလာမ်ဘာသာကို စွန့်လွှတ်လိုက်သူတစ်ဦးရဲ့ ရင်ဖွင့်သံ

ဟုတ်ကဲ့
ကျွန်တော်မွေးကတည်းက မိဘ၂ပါးလုံးက
အစ္စလာမ်တွေပါ

အဲဒါကြောင့် လူမှန်းသိတတ်စကတည်းက
ကိုရ်အာန်နဲ့ ထိတွေ့ခဲ့ရတယ်
အလ္လာဟ်ဆိုတာ ကြားဖူးခဲ့တယ်

ပထမဆုံး ကျွန်တော့အတွေးထဲ ဝင်လာတာ
အလ္လာဟ်ပဲ ခုထိလည်းရှိနေတယ်ပြောတယ်
တစ်ယောက်မှလည်းမမြင်ဖူးဘူး။ ရှိနေတယ်
ဆိုရင်မြင်ရမယ်လေ။ အလ္လာဟ်ဘုရားရှိတယ်
ဆိုရင် လူတိုင်းဖူးမြင်ရသင့်တယ်လေ။
သူ့ဆီိမှာ တန်ခိုးတော်အနန္တ ရှိနေတာပဲလေ။
လူတိုင်းဖူးမြင်နိုင်အောင် တန်ခိုးတော်နဲ့ဖန်ဆင်း
ပြလိုက်ရင်ရတာပဲ။ အဲလိုပြနိုင်ရင် တစ်ကမ္ဘာလုံးတောင် အစ္စလာမ်ဖြစ်ကုန်မယ်။

နောက်တစ်ချက် မူဆလင်တိုင်းမှာ အတိတ်ဘဝ
ဆိုတာမရှိဘူး။ အလ္လာဟ်အလိုကျပဲ ဖန်ဆင်းခံရ
တာဒီိဘဝမှာလေ။ တစ်ချို့က ချမ်းသာတဲ့ဝမ်းထဲမှာ ဖန်ဆင်းခံရတော့ ချမ်းသာကြတယ်။

တစ်ချို့က မွဲတဲ့သူတွေဝမ်းထဲမှာဖန်ဆင်းခံရ
တယ်။ မွဲလိုက်တာ မနက်စာစားပြီိး ညစာစားဖို့မရှိဘူး။ ဖန်ဆင်းရင် တပြေးညီဖန်ဆင်းသင့်တယ်။
တစ်ချို့ဆို ဗိုက်ထဲကထွက်လာကတည်းက
အသက်တောင်ပါမလာဘဲ ဖန်ဆင်းခံရတယ်။
ဘာအပြစ်မှ မလုပ်ရသေးဘူး။

ကိုရ်အာန်ကိုငယ်ငယ်ကတည်းကဖတ်လာတယ်
သဘာဝမကျတာတွေ အများကြီိးပါတယ်။
အဆိုးဆုံးက ကာရ်ဖိလည်း ဘုရားသခင် ဖန်ဆင်းထားတာလေ။ တစ်ခါတည်း ကာဖိရ်
မဖြစ်အောင် ဖန်ဆင်းလိုက်ရင်ပြီးတာပဲ ဘာလို့မဖန်ဆင်းတာလဲ။ အလ္လာဟ်ကတန်ခိုးတော်အနန္တရှိတယ်ဆိုရင် ဖန်ဆင်းနိုင်ရမယ်လေ။

ပြောစရာတော့အများကြီိးပဲ။ ကိယာမတ်နေ့က
ဘယ်တော့လဲ ဘယ်သူမှမသိဘူး။ ဘယ်အတိုင်းအတာထိစောင့်ရမလဲ ကိုရ်အာန်ထဲ
မပါဘူး။ အခုချိန်ထိ ဂျန္နသ်ကိုပဲဖြစ်ဖြစ် ဂျဟာန္နမ်
ကိုပဲဖြစ်ဖြစ် သေပြီိးတဲ့မူဆလင် တစ်ယောက်မှ
မရောက်သေးဘူး။ဘယ်အချိန်ထိစောင့်ရမလဲ
ဘယ်သူမှမပြောနိုင်ဘူးလေ။ သေချာစဉ်းစား
လေလက်တွေ့မကျလေပဲ။

အခုဆိုကြည့်လေ။ တစ်ကမ္ဘာလုံး ဘယ်သူတွေ
ဒုက္ခပင်လယ်ဝေနေသလဲ။ မူဆလင်တွေပဲလေ။
ဘာသာရေးမလိုက်နာလို့လား မဟုတ်ဘူး။
မူဆလင်တိုင်း တစ်ရက်၅ခါဝတ်ပြုနေကြတာပဲ
ဒါပေမယ့် မအေးချမ်းကြဘူး။

ကြာလာတော့ သံသယတွေများလာတယ်။
နောက်ဆုံးတော့စွန့်ခွာလိုက်တယ်။ ပြောစရာတွေတော့ အများကြီးပဲ

photo- credit

Credit -- Mosete Zaw Lin





Post a Comment

0 Comments

Close Menu