Ad Code

Responsive Advertisement

ရေတွင်းထဲသန့်ရှင်းရေးဆင်းလုပ်ခဲ့ကြသူများ ၄ ဦးသေဆုံး ၊ ၁ ဦးသတိလစ်ခဲ့


ဒီမောဆိုမြို့နယ် ဒေါတော်ကူးကျေးရွာအုပ်စု ၊ ဒေါတငူး (ရွာဟောင်း) တွင် ဧပြီလ ၁၆ ရက် က ကျေးရွာတွင်းရှိ ရေတွင်းတတွင်းကို သန့်ရှင်းအောင်လုပ်ဆောင်ရန် တွင်းထဲဆင်းသောရွာသား ၄ ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ပြီး (၁)ဦး အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်းသိရပါသည်။

ဖြစ်စဉ်မှာ ညနေခင်း(၃)နာရီ ခွဲဝန်းကျင်တွင် ၄င်းရှိရွာသားများက ရေတွင်းရှိ အမှိုက်များ သဲ |နှုန်းများ|မသန့်ရှင်းသောအရာများ ဆယ်ယူရာ ဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါရွာသားများသည် တွင်းထဲဆင်းရာတွင် တစ်ယောက်ချင်းစီ (၅)မိနစ်ခန့်စီခြား၍ တွင်းကြီးထဲဆင်းခဲ့ကြသည်။

တွင်းကြီးဆယ်ယူပုံမှာ ရေစုပ်စက်အသေးတစ်လုံးကို ရေတွင်းထဲသို့ ကြိုးချည်လျှက် ၁၅ ပေခန့်ချပေးပြီး ရေစုပ်စက်ကို ဘီးလူးခေါင်းပိုက်ဖြင့် ရေတွင်းထဲရှိရေများကို စုပ်ထုတ်ရန်ဖြစ်ပြီးပထမဆုံးစတင်ဆင်းသူမောင်ဗျားရယ်မှ ဘီလူးခေါင်းပိုက်ကိုင်ထားပြီး ရေစုပ်စက်ကို စက်နှိုးမောင်းထားရာမှ မီးခိုးများထွက်ပြီး အဆိုပါ မီးခိုးများကြောင့် ရေတွင်းထဲ တွင်ရှိသော မောင်ဗျာရယ် သေဆုံးကြောင်းစုံစမ်းသိရှိရပြီး ကျန် ၄ ဦးမှာ ၅ မိနစ်စီခြား၍ တွင်းထဲသို့ ဆင်းပြီး ၄ဦး သေဆုံး ၁ ဦးသတိလစ် နေပြီး အသံမကြားတော့ပဲ ရေစုပ်စက်ဆွဲတင်ခဲ့သည်ဟု ဒီမောဆိုမြို့နယ်ရဲစခန်း သတင်းထုတ်ပြန်ထားပါသည်။


ရေတွင်းထဲဆင်းသူများမှာ ပထမဆင်းသူ မောင်ဗျားရယ် အသက်(၂၀) သေဆုံး|ဒုဆင်းသူ မောင်ဆော်ရယ် အသက် (၄၀)သေဆုံး|မောင်တာရယ် အသက်(၃၀) သေဆုံး|စတုတ္ထဆင်းသူ မောင်ဦးရယ် သက်(၃၀) သတိလစ်| နောက်ဆုံးဆင်းသူ မောင်ဦးရယ် (၂၁) သေဆုံး တို့ဖြစ်ကြသည်ဟုသိရသည်။ သတိလစ်နေသူမှာ ယခုပြန်လည် သတိရလာပြီဖြစ်ကြောင်းသိရသည်။

စက်ဆွဲတင်ပြီးနောက် တစ်နာရီခန့်အကြာတွင် ဒေါတီပို့ကျေးရွာရှိ ဦးရှားရယ် သက်(၅၀)မှ ခါးတွင်ကြိုးချည်ပြီး သေဆုံးသူ ၄ ဦး နှင့် သတိလစ်နေသူကို တစ်ဦးချင်းစီ ဂျိုင်းတွင် ကြိုးဖြင့်ပတ်ပြီး ရွာသားများနှင့်အတူဝိုင်းဝန်းဆွဲတင်ကြကြောင်းသိရသည်။


၎င်းရေတွင်းသည် ၂၀၁၁ခုနှစ်တွင် အနောက်ဥရောပနိုင်ငံများအဖွဲ့များနှင့် ကဲဂျာမနီတို့၏ရံပုံငွေထောက်ပံ့မှုဖြင့်ပူပေါင်းတည်ဆောက်ပြီး ရေတွင်းသည် အချင်း ၃ပေ ၆လက်မ အနက်၃၁ပေ ရှိပြီး အောက်တွင်ရေ ၃ပေခန့်သာရှိကြောင်းသိရသည်။

တွင်းကို နှစ်စဉ်နှစ်တိုင်းအသုံးပြုလေ့ရှိပြီး နွေရောက်လျှင်ရွာသားများက သန့်ရှင်းအောင်လုပ်ပေးလျက်ရှိကြောင်းနှင့် အဆိုပါရေတွင်းအဝတွင် အင်္ဂတေ ဖြင့်တဝက်အသေဖုံးထားပြီး ကျန်တဝက်ကို သွပ်ပြားဖြင့်ဖုံးလေ့ရှိကြောင်းသရသည်။

၎င်းကျေးရွာတွင် အိမ်ခြေပေါင်း၂၂ ရှိပြီး လူဦးရေ ၁၃၅ရှိကြောင်းသိရသည်။

သေဆုံးသွားသည့်သူများကို ဒီးမော့ဆိုဆေးရုံတွင်မြင်တွေ့ရစဉ် ။ ဓါတ်ပုံ ၊ ဒီးမောဆိုမြိ့ရဲစခန်း

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

Post a Comment

0 Comments

Close Menu