Ad Code

Responsive Advertisement

ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နှင့် ကိုသန်းထိုက်တို့ကျန်ရှိကာ အခြားဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံပြည်သူများအားလုံး သာယာဝတီထောင်မှ လွတ်မြောက်


ရန်ကုန် ဧပြီ ၈

သာယာဝတီထောင်တွင် ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို အမူပိတ်သိမ်းကာ ယနေ့ညနေပိုင်းက ပြန်လည်လွှတ်ပေးခဲ့ပြီး ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများက ရွှေတီဂုံစေတီသို့ လာရောက်၍ သစ္စာဓိဌာန်ပြုမည်ဖြစ်ကြောင်းသိရသည်။


သာယာဝတီခရိုင်တရားရုံးမှ တရားသူကြီးက တရားစွဲဆိုထားသည့် အမူများကို ပိတ်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသည့် ဗကသခေါင်းဆောင် ကိုသီဟဝင်းတင်ကပြောသည်။
'' အစကတည်းက အမူမမြောက်တဲ့ကိစ္စပါ။ ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ ဒီလိုမျိုး ဒီမိုကရေစီ ခြေလှမ်းကို စတင်ခဲ့လို့ ဝမ်းသာကြိုဆိုရမှာပါ။ အခုထောင်မှာ ပစ္စည်းတွေသိမ်းနေပါပြီ။ ရန်ကုန်ကိုလာမှာပါ'' ဟု ၎င်းကဆိုသည်။

သာယာဝတီထောင်တွင် ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် ဝန်းရံပြည်သူ (၆၉) ဦးကို သာယာဝတီမှ အမူပိတ်သိမ်းသော်လည်း ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်နှင့် မဖြိုးဖြိုးအောင် တို့သည် ရန်ကုန်မှအမူများ ပိတ်သိမ်းရန် ကျန်ရှိနေသေးသဖြင့် သာယာဝတီထောင်တွင် ကျန်ရှိနေမည်ဖြစ်သည်။


ထို့အပြင် ကိုသန်းထိုက်သည်လည်း တရားရုံးမထီမဲ့မြင်မူဖြင့် ဆက်လက်ကျန်ရှိဦးမည်ဖြစ်သည်။ အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ရန် ဆန္ဒဖော်ထုတ်သည့် ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းအား ၂၀၁၅ ခုနှစ် မတ် ၁၀ ရက်နေ့က လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွင်းကာ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu