Ad Code

Responsive Advertisement

လေဖြန်းရောဂါနှင့် အကြောဆိုင်းရောဂါများအတွက် ဆေးနည်း

 


လေဖြန်းရောဂါနှင့် အကြောဆိုင်းရောဂါများအတွက် ဆေးနည်း
အလုပ်ပင်ပန်းခြင်းကြောင့်ဖြစ်စေ၊ စိတ်ဖိစီးမှုကြေင့်ဖြစ်စေ၊ အစားအသောက်မှားယွင်းကြောင့်ဖြစ်စေ မကြာခဏ ညောင်းညာခြင်း၊ ကိုက်ခဲခြင်း၊ အကြောများလေးလံခြင်း၊ လေဖြန်းချင်သလိုဖြစ်ခြင်း စသည့်ရောဂါများကို ကာကွယ်ပေးနိုင်မည့် သဘာဝဆေးနည်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။
ဒီဆေးနည်းကို စစ်ကိုင်းတောင်ရိုး၊ ပံ့သကူချောင်မှ အရှင်ဝိစိတ္တမှ သီတင်းသုံးဖော်ဖြစ်သူ အရှင်ဝိသုတသို့ ပြောပြခဲ့ပြီး အရှင်ဝိသုတကိုယ်တိုင် ဖော်စပ်သုံးစွဲခဲ့ပြီး တကယ်လက်တွေ့ ပျောက်ကင်းခဲ့သလို ဒကာ၊ ဒကာမများကိုလည်း ဆေးနည်းလမ်းညွန်ပေးခဲ့ပါတယ်။ လက်တွေ့သုံးစွဲသူများလည်း လွယ်ကူသက်သာပြီး တကယ်ထိရောက်တဲ့ ဒီဆေးနည်းကို နှစ်သက်သဘောကျခဲ့ကြပါတယ်။
ဆေးဖော်စပ်နည်း
(၁) ပုံထဲမှာမြင်ရတဲ့အတိုင်း ဖီးကြမ်းငှက်ပျောသီး အမှည့်ကို အတွင်းသားပေါ်ရုံခန့် ထိပ်နဲ့အောက် ဖြတ်ပိုင်းထားပါ။
(၂) သက်ရင်းကြီးရွက်ကို ရေစင်အောင် ဆေးကြောပြီးလျှင် ၃၊၄ ရွက်ထပ်၍ ငှက်ပျောသီးကို လုံအောင်ဖုံးအုပ်ကာ လျှော်ဖြင့်ချည်၍ ထုပ်ထားပါ။
(၃) အိုးတစ်လုံးထဲကိုထည့်၍ ရေမြုပ်အောင်ထည့်ပြီး မီးလျှော့ထားကာ ၆ နာရီကြာခန့် ပြုတ်ထားပါ။
(၄) ၄င်းငှက်ပျောသီးကို အခွံခွါ၍ အတွင်းသားကို မနက်တစ်လုံး ညတစ်လုံး စားပေးပါ။ အနံ့အရသာလည်း ထူးကဲစွာ ကောင်းမွန်ပါသည်။
၎င်းသဘာဝဆေးနည်းကို မီဝဲသုံးစွဲပါက ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုက်ခဲညောင်းညာခြင်းနှင့် အကြောဆိုင်း၊ လေဖြန်းရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
(သတိပြုရန်) ချောင်းဆိုးရင်ကျပ်မဖြစ်အောင် ငှက်ပျောသီးကို အမှည့်ကို ရွေးချယ်ပါ။ သက်ရင်းကြီးရွက်ကို အထက်အညာဒေသတို့တွင် နေရာတိုင်းမှာ မြင်တွေ့နိုင်ပါတယ်။
လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - Ashin Withuta (ခေတ္တ-ဘန်ကောက်)

Post a Comment

0 Comments

Close Menu