Tuesday, April 19, 2016

ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း



ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း
ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း စသည့်ကင်းအမျိုးမျိုး အကိုက်ခံရလျှင် အောက်ပါ သဘာဝဆေးနည်းဖြင့် ကင်းအဆိပ်ကို ကုသနိုင်ပါသည်။
၁။ ကြက်သွန်နီ (၃) လုံးကို မီးဖုတ်ပါ။
၂။ မီးဖုတ်၍ နွမ်းလာသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။
၃။ ၄င်း ကြက်သွန်မီးဖုတ်အရည်ကို အကိုက်ခံရသည့်နေရာကို လိမ်းပေးပါ။
၎။ အဖတ်များကိုလည်း အနာပေါ်ကို အုံထားပြီး အ၀တ်ဖြင့် စည်းထားပါ။
နာရီဝက်ကျော်လျှင် အဆိပ်များ တဖြေးဖြေး ပြယ်သွားပါလိမ့်မည်။
နောက်တစ်နည်း
၁။ မန်ကျည်းစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။
၂။ သံလွင်ဆီကိုလည်း လိမ်းပေးနိုင်ပါသည်။
တစ်နည်း
(၁) ကင်းခြေများကိုက်လျှင် အဝေရာရွက်ကို လက်တစ်ဆုပ်ခန့် ချေ၍ အကိုက်ခံရသည့်နေရာပေါ်ကို ပွတ်တိုက်ပေးပြီး အဖတ်ကို အုပ်ထားပါ။ ခဏအကြာမှာ အဆိပ်များ ပြေပျောက်သွားပါလိမ့်မည်။
၎င်းဆေးနည်း (၄)မျိုးသည် ကင်းအမျိုးမျိုးတို့၏ အဆိပ်များကိုနိုင်သော သဘာဝဆေးနည်းများ ဖြစ်ပါသည်။
ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တို့နှင့် အလှမ်းဝေးသော နေရာတို့တွင် အရေးကြုံလာခဲ့သည်ရှိသော် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ကြပါစေ။
ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား - သဘာဝဆေးနည်းတိုများ

0 comments:

Post a Comment