Tuesday, April 19, 2016

ကျောက်ကြေစေမည့် သဘာဝဆေးနည်း



ကျောက်ကြေစေမည့် သဘာဝဆေးနည်း
ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်းတို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။
(၁) အုန်းသီးနုနု တစ်လုံးကို အောက်ကိုပြုတ်မကျအောင် ခူးပါ။ (အောက်ကို ပြုတ်ကျလျှင် အုန်းရည်ချဉ်တတ်ပါတယ်)
(၂) အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။
(၃) တစ်နာရီခန့် စိမ်ထားပြီးလျှင် ၄င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။
(၄) မနက်အိပ်ယာထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။
ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မည်။ တစ်ပတ်ကို နှစ်ကြိမ်သောက်ပေးနိုင်ပြီး ၃ ပတ်ခန့်ဆိုလျှင် သက်သာပျောက်ကင်းသွားပါလိမ့်မည်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - သဘာဝဆေးနည်းတိုများ

0 comments:

Post a Comment