Sunday, April 24, 2016

ပြင်းထန်သော မိုးသီးများ၏ အန္တရာယ်မှ ကာကွယ်ရန်



ပြင်းထန်သော မိုးသီးများ၏ အန္တရာယ်မှ ကာကွယ်ရန်
******************
၁။ မိုးသီးမုန်တိုင်း၏ လက္ခ္ခဏာများမှာ တိမ်မဲလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းလာခြင်း၊ မိုးခြိမ်းပြီး အတော်ကြာမှ လျှပ်ပြက်လာခြင်း၊ အပူထုထဲတွင် လေအေးများကို ခံစားရခြင်း။

၂။ ကြိုတင်စီစဉ်နိုင်စေရန်အတွက် မိုးလေ၀သ သတင်းနားထောင်ပါ။ Facebook တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကို ကြည့်ပါ။ ရေဒီယို FM များမှလည်း အရေးပေါ်လာပါက ကြားဖြတ်လွှင့်နိုင်ပါသည်။

၃။ အိမ်မွေးတိရိစ္ဆာ္ဆ္ဆ္ဆန်နှင့် ကျွဲနွားများအတွက် ခိုလှူံစရာစီစဉ်ပါ။မိုးသီးကြီးများသည် တိရိစ္ဆာ္ဆ္ဆ္ဆန်များကို အသက်အန္တရာယ်အထိဖြစ်စေနိုင်ပြီး တကယ် ရွာနေချိန် မိမိတို့လည်းအပြင်မထွက်နိုင်သဖြင့် ကြိုတင်စီစဉ်ပါ။

၎။ ယာဉ်များ၊ ပစ္စ္စည်းများ အပြင်တွင်မထားပါနှင့်။ ကားများကို ဂိုဒေါင်ထဲထည့်ပါ။ အမိုးပဲရှိပြီး အကာမရှိသည့်အောက်တွင် ဘေးမှထိနိုင်သဖြင့် စောင်ကာပါ၊ ရပ်ကွက်များရှိလမ်းများပေါ်တွင်ထားရပါက စောင်အုပ်ပါ။ ရေယာဉ်များလည်း အုပ်စရာများရှာဖွေထားပါ။ ညဖက် အိပ်ချိန် ရုတ်တရက် ဖြစ်လာပါက မည်သူမျှ ထွက်မစီစဉ်နိုင်သဖြင့် စိုးရိမ်မှုဖြင့် ကြိုစီစဉ်ခြင်းက အမှားမရှိပါ။

၅။ ပြတင်းတံခါးများ အသေအချာ ပိတ်ထားပါ။ မပိတ်မိ၍ မိုးသီးများအရှိန်ဖြင့် ၀င်လာပါက အိမ်တွင်းပစ္စည်းများပါပျက်စီးနိုင်မည်။ လိုက်ကာများပါပိတ်ထားပါ။ ပြတင်းမှန်ကွဲခဲ့ပါက လိုက်ကာခံနေမည်။ ပြတင်းပေါက်နားရှိ ပရိဘောဂများကိုလည်းကြိုတင်ရွေ့ထားပါ။

၆။ ကြိုတင်ပြင်ဆင်စရာများမှာ လျှပ်စစ်မီးလာချိန်တွင် ဖုန်းများ နှင့် အားသွင်းစရာများကို အားပြည့်နေအောင် လုပ်ထားပါ။ ဓာတ်မီးများရေဒီယိုများကို အားအပြည့်ဖြင့်ဆောင်ထားပါ။ မုန်တိုင်းပြီးပါကသာမန် ညှပ်ဖိနပ်ထက် ဘွတ်ရှည်များစီးပြီး ပတ်ဝန်းကျင်ရှင်းလင်းပါ စားသောက်စရာနှင့် ရေပုလင်းများဆောင်ထားပါ။ အရေးပေါ်ဆေးအိတ်ကိုလည်း ပြင်ထားပါ။ ဆေးရုံ၊ ဆေးခန်းဖုန်းနံပါတ်များ ရှာထားပါ။

၇။ အိမ်အနီးဝန်ကျင်တွင် အန္တရာယ်ရှိနိုင်မည့်အရာများကို ကြိုတင်စစ်ဆေးထားပါ။ အိမ်ဘေးရှိ အပင်တွင်သစ်ကိုင်းခြောက်များ၊ အိမ်နှင့်မလွတ်နိုင်သော အရာဝတ္တူများရှိပါက ကြိုတင်ရှင်းထားပါ။ အန္တရာယ်ရှိနိုင်သောစွန့်ပစ်ပစ္စည်းများကို လေက ဝှေ့ပြီးမွှေနိုင်သည်ကို သတိထားပါ။ (ထက်ရှသော ပန်းခြံသုံးပစ္စည်းများအပါအ၀င်) ။ အိမ်ပြင်ပတွင် အလှပြပြင်ဆင်ထားသည့် ကျောက်တုံးလေးများ မြေအိုးများကိုလည်း သတိထားပါ။

မိုးသီးအန္တရာယ်မှ ကင်းဝေးကြပါစေ။
.
Credit : Popular News Journal
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
23-04-2016
မြနန်းဆရာတော်Facebook မှ တစ်ဆင့်ပြန်လည်ကူးယူဖော်ပြသည်။






မီဇိုရမ်မှာ မိုးသီးမုန်တိုင်းကြောင့် နေအိမ် (၁၀၀၀) ပျက်စီး

သောကြေနေ့ မနက်ပိုင်းက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ဧရာမ မိုးသီးမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး အိမ်ပေါင်း (၁၀၀၀) ပျက်စီးခဲ့ကြောင်း TNT သတင်းက ဖော်ပြထားပါတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းက မိုးကြိုးပစ်မှု စတင်ခဲ့ပြီး အဓိက ပါဝါထုတ်လွှင့်မှု တာဝါတိုင် အနည်းဆုံး (၄) ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုးဝါးဆုံး နေရာကတော့ မာမစ်ခရိုင် ခေါ်ထကျေးရွာဖြစ်ပြီး အိမ် (၃၈၀) ကျော် ပျက်စီးခဲ့ပါတယ်။

အိုင်ဇောလ်ရှိ ရွာသုံးရွာဟာ မိုးသီးမုန်တိုင်းကြောင့် ထိခိုက်ခဲ့ပြီး Keiflang နှင့် Ruallung ရွာများတွင် အိမ် (၂၆၀) ကျော် ပျက်စီးခဲ့ပါတယ်။ လုံဒိုင်းရွာတွင်လည်း အိမ်ပေါင်း (၂၀၀) ကျော် အပျက်အစီး ရှိခဲ့ပါတယ်။

ရင်းမြစ် - The Northeast Today








0 comments:

Post a Comment