Ad Code

Responsive Advertisement

ကိုယ်တိုင်မလုပ်ဘဲ သူများလုပ်မှ ရမယ့်ကိစ္စမျိုးတွေ ပြောချင်တဲ့အခါ (Causative verbs - 2)



ဖြည်းဖြည်း နာလည်အောင် ဖတ်ပါ ၊ ဖြတ်ပေးလျင် အဆက်အစပ်မမိပဲ ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် တဆက်တည်း ရေးလိုက်ရပါတယ် ..
.
Causative verb များရဲ့ Passive voice နဲ့ ဆင်တူတဲ့ သုံးစွဲပုံလေးများကို ဆက်လက်တင်ပြမှာဖြစ်ပါတယ် ၊ သတိမထားလျင် မှားနိုင်ပြီး .. သိပြီးသွားတဲ့အခါမှာတော့ မှန်မှန်ကန်ကန်နဲ့ လွယ်လွယ်ကူကူ သုံးစွဲနိုင်မယ့် ၀ါကျပုံစံလေးများဖြစ်ပါတယ် ၊ ဒီဝါကျပုံစံလေးများကို ESL (English as Second Language) သင်ခန်းစာများမှာ Upper Intermediate နဲ့ Advance Level တွေမှာ ထည့်သွင်းထားလေ့ရှိပါတယ် ။
.
ကဲ..လေ့လာလိုက်ကြပါစို့လားခင်ဗျာ..
ပထမဦးဆုံး ကျနော်တို့ရဲ့နေစဉ်ဘ၀မှာ သုံးတတ်တဲ့ ၀ါကျပုံစံလေးတွေကို ဆန်းစစ်ကြည့်ကြပါစို့ 
.
(၁.၁) ကျနော့်နာရီကို ပြင်ရမယ်
I must repair my watch.
(၂.၁) မနက်ဖန်မှာ ကျနော့်ကားကို ရေဆေးဦးမယ်
I will wash my car tomorrow.
(၃.၁) ကျနော့်ဓါတ်ပုံကို စနေနေ့က ရိုက်ခဲ့တာပါ
I took my photo on Saturday. 
..
စသည်ဖြင့် ရေးမယ်ဆိုလျင် ဒီဝါကျလေးတွေ မှန်ပါ့မလား ၊ မှန်ဖို့ အခွင့်အလမ်း အတော်နည်းပါလိမ့်မယ် ၊ 
နာရီကို ကိုယ်တိုင်ပြင်မှသာ ၊ ကားကို ကိုယ်တိုင် ရေးဆေးမှသာ ၊ ကိုယ့်ပုံကို ကိုယ်တိုင်ပြန်ပြီး ဓါတ်ပုံရိုက်မှသာ ဒီဝါကျတွေ မှန်ပါလိမ့်မယ် ..
အများစုကတော့ နာရီကိုဆိုင်မှာပဲ ပြင်ပါလိမ့်မယ် ၊ ကားကို ရေဆေးပေးတဲ့နေရာမှာပဲ ဆေးပါလိမ့်မယ် ၊ ဓါတ်ပုံကို ဆိုင်မှာဖြစ်စေ တခြားတစ်ယောက်ယောက်က ဖြစ်စေ ရိုက်ပေးပါလိမ့်မယ်..
ဒီဝါကျမျိုးတွေမှာ Subject ဟာ verb ကဖေါ်ပြတဲ့ လုပ်ဆောင်မှု (action) ကို လုပ်ဆောင်မှု ရှိမရှိ ဆန်းစစ်ရမှာဖြစ်ပါတယ်..
အဲလိုမျိုးကိုယ်တိုင် မလုပ်ဘဲ ၀န်ဆောင်မှု (service) တစ်ခုခုက ဖြစ်စေ ၊ ဆိုင်တစ်ခုခုက ဖြစ်စေ ၊ တခြားတစ်ဦးဦးက ဖြစ်စေ လုပ်ပေးမှ ရတဲ့ကိစ္စမျိုးတွေကို ပြောဖို့အတွက် သီးခြားပုံစံတစ်ခု ရှိပါတယ်၊ အဲဒါကတော့ Causative Verb ( C V ) လေးတွေကို သုံးတဲ့ပုံစံဖြစ်ပါတယ် ၊ object ကိုအသားပေးပြီး ပြောတဲ့ပုံစံဖြစ်လို့ Passive voice တွေနဲ့ ဆင်တူပြီး တချို့သဒ္ဒါဆရာတွေကတော့ ဒီပုံစံကို Passive Causative လို့ အမည်တပ်ကြပါတယ် ..
ပုံစံကတော့
..........................................................................................
Subject + Causative verb+ Direct Object + Past participle (V3) ဖြစ်ပါတယ်..
.......................................................................................
Causative verb တွေထဲက ပင်တိုင်သုံးဖြစ်တဲ့ have ကိုသုံးပြီး အထက်က ၀ါကျလေးတွေကို ပြန်ရေးကြည့်မယ်ဆိုလျင် 
.
(၁.၂) ကျနော့်နာရီကို ပြင်ရမယ် (ဆိုင်မှာပြင်တာမျိုးအတွက်)
I must have my watch repaired.
(၂.၂) မနက်ဖန်မှာ ကျနော့်ကားကို ရေဆေးဦးမယ် ( ကိုယ်တိုင်မဆေးတဲ့အခါ )
I will have my car washed tomorrow.
(၃.၂) ကျနော့် ဓါတ်ပုံကို စနေနေ့က ရိုက်ခဲ့တာပါ (ကိုယ်တိုင်မရိုက်တဲ့အခါ )
I had my photo taken on Saturday.
..
ဒီနေရာမှာ have ကို form အရ ထည့်ပေးရတာဖြစ်လို့ သာမန်အဓိပ္ပါယ်ဖြစ်တဲ့ “ မှာရှိသည်” စသည်ဖြင့် ဘာသာပြန်ဖို့ မသင့်ပါဘူး ၊ သို့သော်လည်း ၀ါကျရဲ့ Tense ကိုပြင်ချင်တဲ့ အခါမှာတော့ have ကိုပြင်ရပါတယ် ၊ အတိတ်အတွက် had .. အနာဂတ်အတွက် will have စသည်ဖြင့် သုံးပါတယ် ။ အဲဒီလိုပဲ လိုအပ်တဲ့ အဓိပ္ပါယ်တွေကို ရဖို့အတွက် model verb များနဲ့လည်း တွဲသုံးနိုင်ပါတယ်
.......................................................................................
ပုံစံက subject + modal verb + causative verb + object + past participle ဖြစ်ပါတယ် ။
.......................................................................................
(၄) မင်းရဲ့ဆံပင်ကို ပါတီပွဲ မတိုင်ခင် ညှပ်သင့်တယ်
You should have your hair cut before the party.
အဲလိုပဲ ဘာသာပြန်တဲ့အခါမှာတော့ 
have repaired = ပြင်တယ်
had repaired = ပြင်ခဲ့တယ် ( had က အတိတ်ဖြစ်လို့.. ခဲ့တယ်)
will have repaired = ပြင်ဦးမယ် ( will ပါလို့ ..ဦးမယ် )
must have repaired = ပြင်ရမယ် ( must ပါလို့ .. ရမယ်)
should have repaired = ပြင်သင့်တယ် ( should ပါလို့ ..သင့်တယ်) .. စသည်ဖြင့် နားလည်နိုင်ပါတယ် ။
အထက်မှာ ပြောခဲ့သလိုပဲ CV ဖြစ်တဲ့ have ဟာ form အရထည့်ထားတာဖြစ်လို့ မေးခွန်းလုပ်တဲ့အခါမှာဖြစ်စေ အငြင်းဝါကျ လုပ်ချင်တဲ့အခါမှာဖြစ်စေ do/does/did တို့ကို အကူအညီယူရပါတယ်
..
(၅) ကျနော်တစ်လတစ်ခါ ဆံပင်ဖြတ်လေ့ရှိတယ်
I have my hair cut once a month. ( cut က V3 နော် cut .. cut ..cut.. cutting )
.
(၆) ခင်ဗျားဆံပင်ဖြတ်ခဲ့သလား
Did you have your hair cut? ( cut က V3 ပဲ )
.
(၇) ပြီးခဲ့တဲ့လက ကျနော်ဆံပင် မဖြတ်ခဲ့ဘူး
I didn’t have my hair cut last month. ( cut က V3 ပဲ )
နီးကပ်တဲ့ ပုံစံလေးတွေနဲ့ ယှဉ်တွဲပြီးကြည့်ပါ ၊ မှတ်သားဖို့ ပိုပြီး လွယ်ကူမယ်ထင်ပါတယ်
O + V.be + V3 ( Passive Voice )
V.have + V3 + O ( Perfect Tense )
V.have + O + V3 ( Passive Causative ).. ဒါကိုမှတ်ပါ
…………………………………………………………
Have လိုပဲ get ကိုလည်း သုံးနိုင်ပါတယ် ၊ get ကတော့ အသုံးနည်းပါတယ် ၊ ပုံစံချင်း အတူတူပါပဲ ၊
အမှန်တကယ်ပြုလုပ်သူဖြစ်တဲ့ Direct Subject ကိုထည့်လိုက ထည့်နိုင်ပါတယ်
.
(၈) ကျနော်တို့ကားကို ကားပြင်ဆရာက ပြင်ပေးတယ် 
We get our car fixed by a mechanic.
(၉) သူမရဲ့သွားတွေကို သွားဆရာဝန်က သန့်ရှင်းပေးခဲ့တယ်
She got her teeth cleaned by a dentist.
.
အခြားသော ကြိယာဝိသေသနများ ၊ ဖြည့်စွက်ဝါကျများကိုလည်း ထပ်ပေါင်းဆွဲဆန့်နိုင်ပါတယ်
..
(၁၀) ကိုထွန်းဟာ လွန်ခဲ့တဲ့ ၅ နှစ်က နာဂစ်မုန်တိုင်းအပြီးမှာ သူ့အိမ်ကို ပြင်ခဲ့ပါတယ် (သူကိုယ်တိုင် ပြင်တာမဟုတ်)
Ko Tun had his house repaired after the Nargis storm last 5 years.
ရှားရှားပါးပါးအနေနဲ့ need, want တို့ကိုလည်း causative verb အဖြစ်သုံးနိုင်ပါတယ် ၊ ပုံစံနှစ်မျိုးရှိပြီး အတိုသုံးပုံစံကို သုံးတာက ပိုများမယ်လို့ ထင်ပါတယ်
ဥပမာ
(၁၁) သူ့ရဲ့ ကျောက်ကပ်မှာရှိတဲ့ ကျောက်ခဲတွေကို ချေဖျက်ပေးဖို့လိုအပ်တယ် (ကျွမ်းကျင်သူက လုပ်ပေးမှရမှာပါ) 
(၁၁.၁) He needs to have the stones from his kidneys crushed.
(၁၁.၂) He needs the stones from his kidneys crushed. ( to have ကို ဖြုတ်လိုက်တာပါ )
(၁၂) ကျနော့်သွားတွေကို စစ်ကြည့်ချင်တယ် ၊ သွားမှာ အခေါင်းပေါက် ရှိကောင်း ရှိခဲ့နိုင်တယ်လို့ ထင်တယ်
(၁၂.၁) I want to have my teeth checked. I think I might have a cavity.
(၁၂.၂) I want my teeth checked. I think I might have a cavity.
ကဲ.. ဒီလောက်ဆို ကိုယ်တိုင်မလုပ်နိုင်တဲ့ ကိစ္စလေးတွေကို ဘယ်လိုပြောရမလဲဆိုတာ မျိုးစုံအောင် သိသွားလောက်ပြီ ထင်ပါရဲ့ ၊ ပေးချင်တဲ့စိတ် ၊ နားလည်စေချင်တဲ့စိတ်နဲ့ ရေးလိုက်မိတာကြောင့် ရှည်လျားပြီး ကမ္ဘာပတ်သွားတယ်ဆိုရင်လည်း ခွင့်လွှတ်လိုက်ကြပါ..များနေလျှင် အပိုင်းလေးတွေ ဖြတ်..ဖြတ်ပြီးကြည့်ပါ..
.
မေတ္တာဖြင့်.. 

Ref: https://www.facebook.com/photo.php?fbid=1058165257578381&set=gm.770025899763748&type=3&theaterheart emoticon

Post a Comment

0 Comments

Close Menu