Ad Code

Responsive Advertisement

Don't Compare Yourself to Others.....


တခါတုန်းက တောအုပ်တစ်အုပ်မှာ နေထိုင်တဲ့ ကျီးကန်း တစ်ကောင်ရှိတယ်... သူဟာ သူ့ဘ၀ကိုယ်သူ အကြွင်းမဲ့ ကျေနပ်နေပြီး ပျော်ရွှင်စွာ နေထိုင်ခဲ့တယ်... ဒါပေမယ့် တစ်နေ့မှာတော့ သူဟာ ငန်းတစ်ကောင်ကို တွေ့ခဲ့တယ်... "ဒီငန်းဟာ အရမ်းဖြူတယ်... ငါကျတော့ အရမ်း မည်းတယ်... သူဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး သတ္တဝါ ဖြစ်ရမယ်..." လို့ ထင်လိုက်တယ်...

ဒါနဲ့ ငန်းကို သူထင်မြင်တာတွေ ပြောပြလိုက်တဲ့အခါ ငန်းက... "ဟုတ်ပါတယ်... အဆွေကျီး... အကျွန်ုပ်ဟာ ကမ္ဘာပေါ်မှာ အပျှော်ရွှင်ဆုံး ငှက်တစ်ကောင် ဖြစ်တယ်လို့ အမှန်တကယ် ခံစားခဲ့မိပါတယ်... ဒါပေမယ့် အခု အရောင်နှစ်ရောင်နဲ့ ကြက်တူရွေး တစ်ကောင်ကို မြင်တွေ့ပြီးတဲ့ နောက်ပိုင်းမှာ သူသာလျှင် အပျှော်ရွှင်ဆုံး ငှက်တစ်ကောင် ဖြစ်မယ်လို့ ထင်မိပါတယ်..." လို့ ပြန်ဖြေလိုက်တယ်...

ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးထံ သွားပြီး မေးလိုက်တယ်... ဒီအခါ ကြက်တူရွေးက... "အဆွေကျီး... အကျွန်ုပ်ဟာ ဥဒေါင်းငှက် တစ်ကောင်ကို မတွေ့ခင်အချိန်က အင်မတန် ပျှော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်... အကျွန်ုပ်မှာ အရောင် ၂ မျိုးသာ ရှိပါတယ်... ဒါပေမယ့် ဥဒေါင်းငှက်မှာ အရောင်မျိုးစုံ ရှိပါတယ်..." လို့ ရှင်းပြလိုက်တယ်... 

အဲဒီနောက် ကျီးကန်းဟာ တိရစ္ဆာန်ရုံထဲမှာ ရှိနေတဲ့ ဥဒေါင်းငှက်ထံ သွားရောက် လည်ပတ်ခဲ့တယ်... တချိန်တည်း မှာပဲ ဥဒေါင်းငှက်ကို စုပြုံကြည့်ရှုနေကြတဲ့ ရာနဲ့ချီတဲ့ လူတွေကိုလည်း သူတွေ့လိုက်တယ်... လူရှင်းသွားတဲ့ အချိန်မှာတော့ ဥဒေါင်းငှက်အနား ကပ်ပြီး... "အဆွေ ဥဒေါင်းငှက်... သင်ဟာ အရမ်းကို လှပတင့်တယ်ပေတယ်... နေ့စဉ်နေ့တိုင်း ထောင်သောင်းချီတဲ့ လူတွေကလည်း သင့်ကို လာရောက် ကြည့်ရှုကြတယ်... လူတွေက အကျွန်ုပ်ကို တွေ့တဲ့ အချိန်မှာဆိုရင် ချက်ချင်း ခြောက်လှန့် မောင်း ထုတ်ကြတယ်... ဒါကြောင့် သင်ဟာ ကမ္ဘာပေါ်မှာ အပျှော်ရွှင်ဆုံး ငှက်တစ်ကောင် ဖြစ်မယ်လို့ ထင်ပါတယ်... "ဆိုပြီး ပြောလိုက်တယ်... 

ဒီအခါမှာ ဥဒေါင်းငှက်က... "အဆွေကျီး... အကျွန်ုပ်ဟာ ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ အပျှော်ရွှင်ဆုံး ငှက်တစ်ကောင် ဖြစ်တယ်လို့ အမြဲတမ်း ယုံကြည်ခဲ့ပါတယ်... ဒါပေမယ့်... အကျွန်ုပ်ရဲ့ အလှအပတွေကြောင့် တိရစ္ဆာန်ရုံထဲမှာ အခုလို ပိတ်လှောင် ခံထားရတယ်... အကျွန်ုပ် ဒီတိရစ္ဆာန်ရုံကြီးကို သသေချာချာ လေ့လာကြည့်ပြီးပါပြီ... အဆွေကျီးတို့ဟာ လှောင်အိမ်ထဲမှာ ပိတ်လှောင်ခြင်း မခံရတဲ့ ငှက်တွေသာ ဖြစ်ပါတယ်... အကျွန်ုပ်သာ အဆွေကျီးလို ငှက်တစ်ကောင် ဖြစ်ခဲ့မယ်ဆိုရင် ဘယ်နေရာကိုမဆို လွတ်လပ်ပျှော်ရွှင်စွာ ဒုန်းစိုင်းလိုက်ချင်ရဲ့လို့တောင် ဟိုတလောက စဉ်းစားနေမိပါ သေးတယ်..." လို့ ဆိုပြီး ဖြေကြားလိုက်တယ်.....။

(ကိုယ့်ကိုကိုယ် အခြားသူတွေနဲ့ မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေ လုပ်မိရင် ဝမ်းနည်းမှု၊ စိတ်ပျက် အားငယ်မှုတွေသာ ဖြစ်စေပြီး ပျှော်ရွှင်မှု ဆိတ်သုဉ်းစေတဲ့ သံသရာ စက်ဝန်းထဲကို ရောက်မှန်းမသိ ရောက်ရှိ သွားနိုင်ပါတယ်.... မိမိမှာ ဖြစ်တည်ပြီးသား အရာတွေကိုသာ တန်ဖိုးထားပါ... ကျေနပ်ရောင့်ရဲပါ... ဒါဆိုရင် သင်ဟာ ကမ္ဘာပေါ်မှာ အပျှော်ရွှင်ဆုံး လူသားတစ်ယောက် ဖြစ်လာပါ လိမ့်မယ်...)

"နှင်းဆီတစ်ပွင့်ဟာ ဘယ်သောအခါမှ နေကြာပန်း တစ်ပွင့် မဖြစ်နိုင်သလို... နေကြာပန်း တစ်ပွင့်ဟာလည်း ဘယ်သောအခါမှ နှင်းဆီတစ်ပွင့် ဖြစ်လာမှာ မဟုတ်ပါဘူး... ပန်းအားလုံးမှာ သူတို့နည်း သူတို့ဟန်နဲ့ အလှကိုယ်စီ ရှိပြီးသားပါ...." _Miranda Kerr

"သင့်ကိုယ်သင် အခြာသူတွေနဲ့ နှိုင်းယှဉ်နေတာတွေကို ရပ်တန့်လိုက်တဲ့ အချိန်ဟာ ပျှော်ရွှင်မှု အစပြုတဲ့ အချိန်ပါပဲ..." _Anonymous

ကိုမျိုး
ref:internet
-------------------------------------- 
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.comFacebook Page Twitter Google+

Post a Comment

0 Comments

Close Menu