Ad Code

Responsive Advertisement

♪ Facebook Messenger မှာ စကင်လုပ်နိုင်တဲ့ ပရိုဖိုင်ကုဒ်များ ပါလာ ♫

12973510_10156878444655195_2958818092440141147_o.0

Facebook က Messenger ကနေ သူငယ်ချင်းများကို လွယ်ကူစွာ Add နိုင်မယ့် စွမ်းဆောင်ချက်များကို ထည့်သွင်းပေးလိုက်ပါတယ်။ လူတစ်ယောက်ကို Messenger ကနေ Add ဖို့အတွက် အဲဒီလူရဲ့ Messenger မှ ပရိုဖိုင်နားမှ စက်ဝိုင်းပုံ ကုဒ်ကို စကင် ပြုလုပ်လိုက်ရုံပါပဲ။ အဲဒီ စွမ်းဆောင်ချက်ကို Messenger Codes လို့ ခေါ်ပါတယ်။

နောက် စွမ်းဆောင်ချက်တစ်ခုက Messenger အကောင့်များအတွက် လင့်အတိုများကို သုံးနိုင်တာပါ။ သင့်ကို Add ဖို့အတွက် သူငယ်ချင်းထံ သင့်ရဲ့ လင့်ကို ပေးပို့လိုက်ရုံပါပဲ။ လင့်ရဲ့ ဖော်မက်ကတော့ m.me/[username]ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကိုတော့ Messenger Links လို့ အမည်ပေးထားပါတယ်။

Facebook က အဲဒီ စွမ်းဆောင်ချက်များကို စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်တယ်လို့ ပြောပါတယ်။ စီးပွားရေးလုပ်ငန်းများကို လူတွေ လွယ်လွယ်ကူကူ ရှာနိုင်အောင် ဖြစ်ပါတယ်။ Facebook က Messenger ကို လစဉ် အသုံးပြုသူ သန်း ၉၀၀ ရှိပြီလို့လည်း ကြေညာပါတယ်။

Credit to ==> Myanmar Digital Life Journal

Post a Comment

0 Comments

Close Menu