Ad Code

Responsive Advertisement

အသဲရောင် အသားဝါ စီ ( Hepatitis C )

အသဲရောင် အသားဝါ စီ ( Hepatitis C )
*************************
Hepatitis C virus (HCV) ကူးစက်ခံ ရပေမဲ့ လက္ခဏာ မပြဘဲ နှစ်ပေါင်းများစွာ
ရှိနေနိုင်ပါတယ် ။
...
လတ်တလောကူးစက်ခြင်း ( Acute infection ) လက္ခဏာများမှာ
အစားပျက်ခြင်း
ပင်ပမ်းနွမ်းနယ်ခြင်း
ပျို့ အန်ခြင်း
ကြွက်သား အဆစ်အမြစ် နာကျင်ခြင်း
ပိန်ချုံးလာခြင်း
( အသားဝါခြင်း မျက်လုံးဝါခြင်းက အမြဲမတွေ့ ရတတ်ပါ )
10 - 50 % က အလိုအလျောက်ပျောက်ကင်းသွားတတ်ပါတယ် ။
ထိုသို့ ပျောက်ကင်းသူများသည် အများစုမှာ ငယ်ရွယ်သူအမျိုးသမီး များဖြစ်ပါတယ် ။
...
နာတာရှည်ကူးစက်ခံ လက္ခဏာများ ( Chronic infection )
ရောဂါဖြစ်သူများထဲမှ 80% ကတော့ နာတာရှည်ဖြစ်သွားကြပါတယ် ။
နာတာရှည်ဖြစ်သူများမှာ
ပင်ပမ်းနွမ်းနယ်ခြင်း
အတွေးအခေါ် ဆင်ခြင်ဥာဏ်များ ရော့ပါးလာခြင်း
အသဲခြောက်ခြင်း
ကင်ဆာဖြစ်
အချို့ မှာ အသဲခြောက်ပြီး အစာမြိုပြွန်အခြေက သွေးကြော
တွေ ထုံးလာပြီး ပေါက်ထွက်ခြင်း
တို့ ဖြစ်လာတတ်ပါတယ် ။
...
ကူးစက်ခြင်း ( Transmission )
ရောဂါပိုးရှိသူ၏ သွေး သွင်းမိခြင်း
မူးယစ်ဆေးထိုးရာတွင် ရောဂါရှိသူနှင့် အပ်မျှဝေသုံးခြင်း
ရောဂါရှိသူ၏ မုတ်ဆိတ်ရိတ် ဓါး မျှဝေသုံးခြင်း
တက်တူးထိုးခြင်း
ကိုယ်ဝန်ဆောင်မိခင်မှ ခလေးသို့ ကူးခြင်း
တို့ ဖြင့် ကူးစက်နိုင်ပါတယ် ။
( ရောဂါရှိသူနှင့် ကာမစပ်ယှက်ခြင်းမှ မကူးဟု ဆိုပါသည် )
Controversial အငြင်းပွားဆဲ ဖြစ်ပါသည် )
...
ဖက်ခြင်း ၊ နမ်းရှုံ့ ခြင်း ၊ စားခွက်သောက်ခွက် အတူသုံးခြင်း တို့ မှ မကူးပါ ။
...
စစ်ဆေးခြင်း ( Diagnosis )
C ပိုးကူးစက်ပြီး ၁လခွဲ မှ ၂ လကြာလျှင် သွေးစစ်ပါက ( antibodies to the HCV )
ကို တွေ့ နိုင်ပါတယ် ။
...

Viral Load ဆိုသည်မှာ စီပိုး ( HCV hepatitis C virus ) ၏ RNA ribonucleic acid 
သွေး ၁စီစီ မှာ ဘယ်လောက်ပါသည်ကို တိုင်းခြင်းဖြစ်ပါတယ် ။
RNA ribonucleic acid ရှိနေခြင်းသည် ဗိုင်းရပ်များ ပွားနေခြင်းကို ပြပါတယ် ။
Viral Load ကို RNA အရေအတွက် ( number of copies ) ဖြင့် တိုင်းပါတယ် ။
ယခုအခါ International unit ( IU / ml ) နဲ့ တိုင်းပါတယ် ။
နမူနာ ..
(Numbers are Virus Equivalents per Milliliter)
below 200,000 very low (undetectable by *bDNA* test)
200,000 to 1,000,000 low
1,000,000 to 5,000,000 medium
5,000,000 to 25,000,000 high
above 25,000,000 very high
viral load သည် ရောဂါ ကုသမှုတွင် ထိရောက်မှု ရှိမရှိ အတွက် အသုံးဝင်ပါတယ် ။
viral load နဲခြင်း များခြင်းသည် အသဲ မည်မျှပျက်စီးမည် ။ ရောဂါ ပျောက်မည် ၊
ပိုးဆိုးမည် ကို မခန့် မှန်းနိုင်ပါ ။
viral load များရင် ရောဂါ ကူးစက်နိုင်မှာ သေချာသော်လဲ ၊ မည်မျှ နည်းလျှင်
မကူးစက်နိုင် ဟု အသေအချာ မပြောနိုင်ပါ ။
ကြားဘူးနားဝ ရှိရန် ဖော်ပြခြင်းသာဖြစ်ပါသည် ။ နားလည်အောင် အသေးစိပ်
ရှင်းပြရန် မလွယ်ကူပါ ။
...
အသဲရောင် စီ ကို ကာကွယ်လို့ ၊ ကုသလို့ လွယ်တယ်လို့ ဆိုပါတယ် ။
လုံးလုံးပျောက်ကင်းအောင် ကုလို့ ရသလား ဆိုတော့ ..
ရုတ်ချည်းဖြစ်တဲ့ ( Acute hepatitis C ) က အချိန်တို အတွင်း ဖြစ်တတ်ပြီး
ရောဂါလက္ခဏာတွေက ၆ လ လောက်ထိ တာရှည်တတ်ပါတယ် ။
တခါတရံမှာ ကိုယ်ခံအားက တိုက်ဖျက်နိုင်လို့ လုံးလုံး ပျောက်သွားတတ်ပါတယ် ။
.
ပုံမှန်အားဖြင့်တော့ ဤမျှ မရိုးစင်းပါဘူး ။
စီပိုးဟာ ဖွဲ့စည်းပုံ မတူတဲ့ ပင်မ genotype ၆ မျိုးထိ ရှိပြီး ၊ ၎င်း genotype
ပုံစံကွဲတွေက အများကြီး ရှိပါတယ် ။
ဒါကြောင့် ကုသတဲ့ ဆေးဝါး နဲ့ ပုံစံတွေကလည်း အမျိုးမျိုး ဖြစ်ပါတယ် ။
နားလည်အောင် ရေးမပြနိုင်လို့ ချန်ထားလိုက်ပါတယ် ။
ကုသဖို့ တော့ ကျွမ်းကျင်သူများထံ အပ်နှံလိုက်တာ ကောင်းပါတယ် ။
..
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
၎ စက်တင်ဘာ ၂၀၁၄

Credit to Dr.Myint Thein

Post a Comment

0 Comments

Close Menu