Ad Code

Responsive Advertisement

Iphone ၅.၅ လက်မအမျိုးအစားတွင် dual ကင်မရာစနစ်



Dual ကင်မရာများသည် Apple ၏ မျိုးဆက်သစ် ၅.၅ လက်မ iPhone တွင် အထူးသီးသန့်အဖြစ် ပါဝင်လာဖွယ်ရှိကြောင်း KGI Securities မှ ဆန်းစစ်လေ့လာသူ မင်ချီကူက ပြောကြားသည်။

iPhone သစ်ကို iPhone 6S နှင့် 6S Plus အရွယ်အစားအတိုင်း တင်ပို့ရောင်းချမည်ဖြစ်ပြီး ၅.၅ လက်မအမျိုးအစားတွင် dual ကင်မရာစနစ် ပါဝင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Dual ကင်မရာစနစ် ပါဝင်မည့် iPhone များနှင့်ပတ်သက်သော ကောလာဟလသတင်းများသည် ဇန်နဝါရီလကတည်းက ထွက်ပေါ်လာခဲ့သည်။ Apple အနေဖြင့် single နှင့် dual ကင်မရာစနစ်ပါဝင်သော iPhone 7 Plus အမျိုးအစား နှစ်မျိုးစလုံးကို ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေကြောင်း ကူက ပြောကြားသည်။ သို့သော်လည်း မကြာသေးမီက ထွက်ပေါ်လာသော သတင်းများတွင်မူ ၄.၇ လက်မအရွယ် iPhone 7 တွင်လည်း dual ကင်မရာစနစ် ပါဝင်မည်ဟု ဖော်ပြခဲ့သည်။



ထို့အပြင် ၅.၅ လက်မ စမတ်ဖုန်းအတွက် dual-lens ကင်မရာပါဝင်သော iPhone 7 Plus ဟုယူဆရသည့် မှုန်ဝါးဝါးဓာတ်ပုံတစ်ပုံလည်း ထွက်ပေါ်လာခဲ့သည်။

အဆင့်မြှင့်ထားသော ကင်မရာနှင့်ပတ်သက်သည့် ကောလာဟလသတင်းများသည် Apple ၏ LinX Technology ကို ဝယ်ယူမှုနှင့် ဆက်စပ်သည်။ LinX ၏ multi-aperture ကင်မရာများသည် single-aperture ကင်မရာများထက် အရွယ်သေးငယ်သောကြောင့် iPhone 7 Plus တွင် ကိုယ်ထည်အပြင်ဘက်သို့ အနည်းငယ်သာထွက်နေသည့် ကင်မရာမှန်ဘီလူးတစ်ခု ပါဝင်လာဖွယ်ရှိသည်။
Ref: MacRumors

Credit to ==> Internet Journal

Post a Comment

0 Comments

Close Menu