Ad Code

Responsive Advertisement

♪ မြန်မာငွေတစ်သိန်းခွဲခန့်သာရှိတဲ့ လက်ဗွေရာဆန်ဆာပါ Meizu m3 note ဖုန်း ထွက်ရှိ ♫


အားလုံးစောင့်မျှော်နေကြတဲ့ Meizu ရဲ့ m3 note ဖုန်း ယနေ့မှာ ထွက်ရှိလာပါပြီ။
ဈေးက မြန်မာငွေ တစ်သိန်းခွဲခန့်သာရှိပေမယ့်၊ ဖုန်းဒီဇိုင်း၊ ပါဝင်တဲ့ feature တွေနဲ့၊ စွမ်းဆောင်ရည်ကတော့ လုံးဝ အလန်းစားတွေချည်းပါပဲ။
ဖုန်းကိုယ်ထည်တစ်ခုလုံးကို တန်ဖိုးကြီးဖုန်းတွေမှာပဲ တွေ့ရတတ်တဲ့ အလူမီနီယမ်ကိုယ်ထည်နဲ့ လုပ်ထားပြီး၊ Home ခလုတ်မှာ လက်ဗွေရာဆန်ဆာပါ ပါဝင်ပါတယ်။
ဖုန်းမျက်နှာပြင်က ၅.၅ လက်မအရွယ် full-HD (1080×1920 pixels) LTPS display နဲ့ဖြစ်ပြီး၊ ရုပ်ထွက်အရည်အသွေး တော်တော်ကောင်းတဲ့ဖုန်း ဖြစ်ပါတယ်။
OS စနစ်က Android 5.1 Lollipop အခြေခံ Flyme OS နဲ့ ဖြစ်ကာ၊ စွမ်းဆောင်ရည်မြင့် MediaTek Helio P10 SoC နဲ့အတူ 1.8 GHz ရှိတဲ့ octa-core Cortex-A53 CPU ၊ ဂရပ်ဖစ်ယူနစ်အတွက် Mali T860 GPU တို့ကို အသုံးပြုထားပါတယ်။
RAM 2GB နဲ့ RAM 3GB နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး၊ RAM 2GB နဲ့ storage 16 GB ပါတဲ့မော်ဒယ်က မြန်မာငွေတစ်သိန်းခွဲခန့်နဲ့၊ RAM 3GB နဲ့ storage 32 GB မော်ဒယ်ကတော့ မြန်မာငွေ တစ်သိန်းရှစ်သောင်းခန့် သာရှိပါတယ်။
SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပေမယ့် hybrid slot ဖြစ်တာကြောင့်၊ SIM ကတ်နှစ်ကတ်ထည့်သုံးနေချိန်မှာ SD ကတ် ထည့်သုံးနိုင်မှာမဟုတ်ပါဘူး။
Meizu m3 note ဖုန်းဟာ ကင်မရာပိုင်းမှာလည်း အပါချာ f/2.2 ရှိတဲ့ 13-megapixel ကျောကင်မရာနဲ့ f/2.0 ရှိတဲ့ 5-megapixel ရှေ့ကင်မရာတို့ ပါဝင်ပြီး ၊ လက်ဗွေရာဆန်ဆာကို mTouch 2.1 နည်းပညာ အသုံးပြုထားတာကြောင့်၊ လက်တင်လိုက်တာနဲ့ ၀.၂ စက္ကန့်အတွင်းမှာတင် လက်ဗွေရာဖတ်နိုင်တယ်လို့ သိရပါတယ်။
Meizu m3 note ဖုန်းရဲ့ အထူးခြားဆုံးအချက်ကို ပြောရမယ်ဆိုရင်တော့ တန်ဖိုးနည်းဖုန်းနဲ့မလိုက်အောင်ပဲ ဘက်ထရီအားတော်တော်များတဲ့ 4100mAh ဘက်ထရီပါဝင်တာပါ။
အားလုံးခြုံကြည့်မယ်ဆိုရင် Meizu m3 note ဖုန်းဟာ နောက်ဆုံးပေါ် feature တွေကို တန်ဖိုးနည်းနည်းနဲ့ ရရှိနိုင်မယ့် စွမ်းဆောင်ရည်မြင့်ဖုန်းတစ်လုံးဖြစ်ပြီး၊ ကိုယ်ထည်ကလည်း အလူမီနီယမ်နဲ့ဆိုတော့ တကယ့် ပရီမီယမ်ဖုန်းတစ်လုံးအတိုင်းပါပဲ။ မြန်မာငွေ တစ်သိန်းခွဲလောက်ဈေးနဲ့ဆိုတော့ တော်တော်တန်တယ်လို့ ပြောရမှာပါ။
Meizu m3 note ဖုန်းကို တရုတ်နိုင်ငံမှာ လာမယ့် တနလာင်္နေ့ကနေ စတင်ရောင်းချတော့မှာဖြစ်ပြီး၊ မီးခိုးရောင်၊ ရွှေရောင်နဲ့ ငွေရောင်ဆိုပြီး ကာလာသုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။
gsmarena_008
Ref: GSM Arena

Credit to ==> Digital Times

Post a Comment

0 Comments

Close Menu