Ad Code

Responsive Advertisement

တွဲလိုက်ခွဲလိုက်ဖြစ်သော စကားစုကြိယာ ( Phrasal verb ) လေးများ (၁)


တွဲလိုက်ခွဲလိုက်ဖြစ်သော စကားစုကြိယာ ( Phrasal verb ) လေးများ (၁)
.............................................
Phrasal verb လေးတွေကို သူ့အကြောင်းဘာမှ မလေ့လာရသေးခင်ကတည်းက ကျနော်တို့တွေ သုံးဖူးပြီးသား ဖြစ်နေတတ်ပါတယ် ၊ get up, pick up, get out, look after စသည်ဖြင့် လွယ်လွယ်လေးတွေပါပဲ ၊
အဲဒီလို Phrasal verb လေးတွေ အများကြီးရှိပါတယ် ၊ သူတို့ကို multi-word verb လို့လည်းခေါ်ကြပါတယ် ၊ phrasal verb ဆိုတဲ့အတိုင်း စကားလုံး တစ်လုံးထက်ပိုပါပြီးစကားစု (Phrase) ဖြစ်နေတဲ့ verb လေးတွေပေါ့ ၊
အများစုကတော့ Verb တစ်ခုနဲ့ Proposition (၀ိဘတ်) တစ်ခု သို့မဟုတ် နှစ်ခုနဲ့တွဲလေ့ရှိပါတယ် ၊ Proposition နဲ့တင်မဟုတ်ပဲ Adverb (ကြိယာဝိသေသန) နဲ့ တွဲတာတွေလည်းရှိပါတယ် ၊
ယေဘူယျခြုံငုံပြီး ပြောတဲ့အခါ .. Phrasal verb = Verb + particle လို့ ပြောလိုက်ကြပါတော့တယ်
………………..
~ အဓိပ္ပါယ်ထွက်လာတဲ့အခါမှာတော့ မူလ ကြိယာပေါ်မှာမူတည်ပြီး လွယ်လွယ်ခန့်မှန်းလို့ ရနိုင်တာတွေလည်းရှိပါတယ်
ဥပမာ .. He picked up the pencil.
သူက ခဲတံကို ကောက်ယူခဲ့ပါတယ်
Pick up = ကောက်ယူသည်
…………………
~ သီးခြားအဓိပ္ပါယ် ပေးတာတွေလည်းရှိပါတယ် ၊
ဥပမာ.. I picked up Italian quite easily when I lived there.
ကျနော် အဲဒီမှာနေခဲ့တဲ့အချိန်တုန်းက အီတာလျံစကားကို အတော်အသင့် လွယ်လွယ်ကူကူ နားလည်ခဲ့ပါတယ်
Pick up = နားလည်သည်
……………………….
~ အဲဒီလိုမျိုး Phrasal verb တွေထဲမှာ တချို့စကားလုံးတွေဟာ နေရာခွဲထားပြီး သုံးလို့ရတာတွေ လည်းရှိပါတယ်
.
Separable : With separable verbs the verb and particle can be apart or together – the meaning doesn’t change.
ခွဲလို့ရတာတွေမှာတော့ ခွဲထားသည်ဖြစ်စေ တွဲထားသည်ဖြစ်စေ အဓိပ္ပွါယ် မပြောင်းလဲပါဘူး
He cut the tree down.
He cut down the tree.
သူ သစ်ပင်ကို ခုတ်လှဲတယ်
.
Can you turn the radio down please?
Can you turn down the radio please?
ကျေးဇူးပြုပြီး ရေဒီယိုကို အသံတိုးပေးနိုင်မလား
………………………
~However, when we use a pronoun – usually ‘it’ in place of the subject – it must come between the verb and the particle in separable multi-word verbs.
သတိထားရမှာက .. Subject နေရာမှာ Pronoun (နာမ်စား) တစ်ခုနဲ့ ပြောင်းသုံးလိုက်တဲ့အခါမှာတော့ ခွဲကိုခွဲရပါတယ် ၊ မခွဲလို့ မရပါဘူး ။
Can you turn it down please? ( it ကို အလယ်ထဲ ထည့်လိုက်ရပါမယ်)
အဲဒါကို အသံတိုးပေးနိုင်မလား
Can you turn down it please? လို့ မသုံးရပါဘူး ..
…………………......................................
ရေးပြီးသလောက် တင်ထားပေးလိုက်ပါတယ် ၊ ဆက်ရေးပါမယ် ။ အချိန်နည်းနေသေးလို့ ရက်ဆက်တော့ မရေးနိုင်သေးပါဘူး ၊ ဒါပေမယ့် အတော်လေး ပြည့်စုံတဲ့ ပမာဏတစ်ခုရောက်သည်အထိ ရေးပါမယ် ။ အခုက ရေးလိုက် နားလိုက် တင်ပေးလိုက် လုပ်ရာကနေ အားလုံးပြီးသွားတဲ့အခါကျလျှင် ရက်ဆက်..ဆက်တိုက် ပြန်တင်ပေးပါမယ် ..
.
မေတ္တာဖြင့် 
Credit to အင်္ဂလိပ်စာ စိတ်ဝင်စားသူများအဖွဲ့ By Sayar WinNaingOoheart emoticon

Post a Comment

0 Comments

Close Menu