Ad Code

Responsive Advertisement

Redmi Note 3 ဖုန်းကို CM13 ထည့်သွင်းပြီး Marshmallow 6.0 တင်နည်း


Redmi Note 3 ဖုန်းကို CM13 ထည့်သွင်းပြီး Marshmallow 6.0 တင်နည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို  Marshmallow တင်
သုံးချင်တယ်ဆိုရင်တော့  CM13 နဲ့ Gapps ကိုထည့်သွင်းပြီး လန်းနိုင်မှာပဲဖြစ်ပါတယ်။


လိုအပ်ချက်များ
=========
၁။ သင့်ဖုန်းမှာ Root Access ရရှိထားပြီးသားဖြစ်နေရပါမယ်။

၂။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။






How to Install Marshmallow Rom
=======================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ

၃။ ဖုန်းကိုပါဝိတ်ပြီး Power + Volume Down များကိုတွဲနှိပ်ပြီး
CWM recovery mode သို့ဝင်လိုက်ပါ CWM recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၎။ Marshmallow 6.0.zip နဲ့ Google Apps များကိုဒေါင်းလော့ရယူပြီး
SD Card သို့ Copy ကူးထည့်လိုက်ပါ။

၅။ CWM recovery Mode သို့နောက်ထပ်တစ်ကြိမ်ဝင်လိုက်ပါ။

၆။ CWM recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး Marshmallow 6.0.zip ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

၇။ ပြီးသွားတဲ့အခါ Googleapps.zip ဖိုင်ကိုလည်း နည်းတူ Flash ထပ်ပေးပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝင်ပွင့်ပြီး ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Marshmallow 6.0 လေးလန်းနေပါပြီ။



ဇူးနစ်(နည်းပညာ)



Post a Comment

0 Comments

Close Menu