Ad Code

Responsive Advertisement

Samsung Galaxy A9 Pro တွင် 4GB RAM နှင့် 5000mAh ဘက်ထရီ ပါဝင်မည်

Samsung သည် Galaxy A9 ၏ မျိုးကွဲဗားရှင်းတစ်ခုဖြစ်သော Galaxy A9 Pro ကို တရုတ်ဈေးကွက်အတွက် မိတ်ဆက်ကြေညာခဲ့သည်။
Galaxy A9 Pro ကို ထုတ်ကုန်နံပါတ် SM-A9100 ဖြင့် ဖြန့်ချိမည်ဖြစ်သည်။ ၎င်းတွင် ၆ လက်မ Full HD (1920 x 1080) Super AMOLED display နှင့် 1.8GHz Octa-Core Snapdragon 652 SoC, 4GB RAM နှင့် 32GB on-board storage တို့ပါဝင်သည်။ ကျောဘက်ကင်မရာက 16 megapixel ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8 megapixel ဖြစ်သည်။ Home ခလုတ်တွင် လက်ဗွေဖတ်စနစ်ပါဝင်ပြီး ဘက်ထရီက 5,000mAh ဖြစ်သည်။ Dual SIM ဖြင့်သုံးနိုင်သလို microSD မှတစ်ဆင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။ အသုံးပြုထားသည့် operating system က Android 6.0.1 Marshmallow ဖြစ်သည်။
Galaxy A9 Pro ကို အရောင်သုံးရောင်ဖြင့် ရရှိနိုင်ပြီး လက်လီရောင်းဈေးက ၃,၄၉၉ ယွမ် (ဒေါ်လာ ၅၄၀ ဝန်းကျင်) ဖြစ်သည်။
Galaxy A9 Pro သည် ယခုနှစ်အစောပိုင်းက ဖြန့်ချိခဲ့သော Galaxy A9 နှင့်ဆင်တူသည်။ Galaxy A9 တွင် 3GB RAM နှင့် 16GB on-board storage အပြင် 13 meapixel ကျောဘက်ကင်မရာနှင့် 4,000mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။ လက်လီရောင်းဈေးမှာ ၃,၁၉၉ ယွမ် (၄၉၀ ဒေါ်လာဝန်းကျင်) ဖြစ်သည်။
Ref: AndroidAuthority

Post a Comment

0 Comments

Close Menu