Ad Code

Responsive Advertisement

Samsung Galaxy Core Prime LTE ဖုန်းကို TWRP Recovery ထည့်သွင်းနည်း

Galaxy Core Prime LTE ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့ နောက်ဆုံးထွက် 
twrp-3.0.0-xxx ဖြင့် Odin ကနေအလွယ်တကူ Flash ပေးယူရမှာပဲဖြစ်ပါတယ်။


TWRP Recovery.zip ဖိုင်ကိုဒေါင်းလော့ရယူတဲ့အခါ 
twrp-3.0.1-0-zenlte.img.tar ဖိုင်နောက်ဆုံးထွက်ကိုပဲအသုံးပြုပါ

ဖုန်းကို Custom Rom များတင်သုံးချင်တာပဲဖြစ်ဖြစ် Facebook/Viber/
WhatsApp/Youtube စသည့် Social Media apps များနဲ့ Brower မှာ မြန်မာစာ
100% မှန်အောင် မြင်ရဖို့က ဒီ TWRP Recovery ထည့်သွင်းပြီးမှ အဆင်ပြေပါတယ်။

လိုအပ်ချက်များ
==========
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Samsung Galaxy Core Prime LTE ဖုန်းအတွက်သီးသန့်ဖြစ်ပါတယ်၊
တစ်ခြားဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝမပြုလုပ်ပါရန်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။






TWRP Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

ဒေါင်းလော့ရလာတဲ့ TWRP Recovery zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

Odin ကိုဖွင့်ပါ  PDA ဆိုတဲ့နေရာမှာ TWRP Recovery zip ဖိုင်ကိုထည့်လိုက်ပါ။

ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 



Post a Comment

0 Comments

Close Menu