Ad Code

Responsive Advertisement

Samsung Galaxy Fame GT-S6810P ကို Official 4.1.2 Firmware တင်နည်း

Galaxy Fame GT-S6810P ဖုန်းအတွက်
Official Firmware 4.1.2 တင်နည်းကိုတောင်းဆိုထားတဲ့
ညီငယ်အတွက်တင်ပေးလိုက်ပါပြီ။

ဒီဖုန်းအတွက် Official Firmware ကိုရှာရခက်ပါတယ်
အရင်တင်ပေးထားကြတဲ့လင့်တွေလည်းအဆင်မပြေတော့ဖူး
Samsung ဖုန်းတွေအတွက် ဒေါင်းလော့လင့်အဆင်ပြေနေတဲ့
www.samsung firmware.org လည်းအရင်လို Free အလွယ်
မပေးတော့ဘူး Register တင်ခိုင်းလာတယ်၊ ဒီဖုန်းအတွက်
တော်တော်ခေါင်းစားရှာခဲ့ရတယ်။


မရတော့တဲ့အဆုံး Z3XBOX ကိုသွားသတိရတယ်
ဟော အဆင်ပြေချင်ပြန်တော့လည်းခနပဲ
ဒေါင်းလော့အရင်ဆွဲရသေး၊ ပြီးတော့မှ Mediafire ကနေ
One Click ဒေါင်းလော့ဖြင့်အဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် Firmware ဟာ .tar ဖိုင်တစ်ခုတည်းပါသော
Firmware နဲ့အဆင်ပြေတာကိုမတွေ့မိပါ၊ 4 File အပြည့်ပါတဲ့
Full firmware မှသာလျှင် Firmware ရေးရတာအဆင်ပြေပါတယ်။

ကဲဗျာလိုအပ်တဲ့သူတွေလည်းဆုံတုန်းလေးဒေါင်းလော့ရယူထားကြပေါ့
ကျနော်ဒီ Firmware ကို Mediafire မှာ Upload တင်တာ ၂ ရက်ရှိနေပြီ
လိုင်းမကောင်းတော့ တက်လိုက် ကျလိုက်နဲ့အခုမှာအဆင်ပြေသွားတယ်။

Firmware တင်ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin


Samsung USB Driver for Windows


Samsung Galaxy Fame GT-S6810P Official 4.1.2 Firmware

How to Install Official Firmware
====================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က Bootloader/PDA/Phone/CSC  ဆိုတဲ့နေရာမှာ
Firmware Folder ထဲမှ ဖိုင်များကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်း Official Stock Rom လေးကိုတွေ့မြင်ရပါပြီ။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Post a Comment

0 Comments

Close Menu