Thursday, April 21, 2016

Samsung Galaxy S6 SM-G920I ဖုန်းအတွက် ဗားရှင်း Custom recovery ထည့်သွင်းနည်း

Samsung Galaxy S6 SM-G920I ဖုန်းအတွက် 
ဗားရှင်း Custom recovery ထည့်သွင်းနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်ချင်တာတော့ Root လုပ်ပြီးမြန်မာစာ အမှန်ထည့်သွင်းချင်တာတော့
 ပြုလုပ်ချင်တယ်ဆိုရင် မိမိဖုန်းမှာ Custom Recovery ထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။


ဒီဖုန်းကို TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့ နောက်ဆုံးထွက် 
Arter recovery ဖြင့် Odin ကနေအလွယ်တကူ Flash ပေးယူရမှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
==========
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Samsung Galaxy S6 SM-G920I ဖုန်းအတွက်သီးသန့်ဖြစ်ပါတယ်၊
တစ်ခြားဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝမပြုလုပ်ပါရန်။

ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။






Custom Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

ဒေါင်းလော့ရလာတဲ့ Arter recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

Odin ကိုဖွင့်ပါ  PDA ဆိုတဲ့နေရာမှာ Arter recover.zip ဖိုင်ကိုထည့်လိုက်ပါ။

ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


0 comments:

Post a Comment