Ad Code

Responsive Advertisement

Two-word phrases


Two-word phrases
………………………….
အခုတင်ဆက်မှာက .. နှစ်လုံးတွဲ စကားစုလေးတွေပါ ၊ ဥပမာ bye-bye လိုမျိုးပေါ့ ၊ ကျနော်တို့ လွယ်လွယ်ကူကူနဲ့ မကြာခဏ သုံးတတ်ကြပါတယ် ၊ အသံတူတာ ၊ အသံချင်း နီးကပ်တာလေးတွေကို တွဲထားတဲ့ အတွက်ကြောင့် ဖတ်တဲ့အခါ အသံချောမွေ့ပြီး မှတ်သားရတာလည်း လွယ်ကူလိမ့်မယ်လို့ ထင်မိပါတယ် ၊ Spoken English မှာ များများသုံးပေမယ့် Written English မှာလည်း ပေါ့ပေါ့ပါးပါးလေး ရေးချင်တဲ့ အခါ သုံးကြပါတယ် ၊ အသုံးများတဲ့ စကားစုလေးတွေကို ဖေါ်ပြလိုက်ပါတယ် ။
.
1. so-so = ဒီလိုပါပဲ ၊ သိပ်မဆိုးပါဘူး ၊ အဆင်ပြေပါတယ် ..စသည်ဖြင့် မယုတ်မလွန်ပြောတဲ့အခါမှာ သုံးပါတယ် ၊ ဥပမာ : 
"How was the meeting?" 
အစည်းအဝေးကဘယ်လိုလဲ
"So-so – it was nice to see everyone, but we didn't get anything decided."
ဒီလိုပါပဲ ၊ လူတိုင်းကိုတွေ့ရတာကောင်းပါတယ် ၊ ဒါပေမယ့် ဆုံးဖြတ်ချက်တစ်ခုခု ကတော့ မရသေးဘူး ။
.
2. on-off = မတည်မငြိမ် ဖြစ်တာ ၊ ပြောင်းလဲနေတာ 
"They have a very on-off relationship."
သူတို့ရဲ့ ဆက်ဆံရေးက အလွန်ကို အပြောင်းအလဲမြန်တယ် ( ဆက်လိုက် ပြတ်လိုက်ဖြစ်နေတယ် )
.
3. love-hate = နှစ်သက်တာနဲ့ မနှစ်သက်တာ တပြိုင်တည်းမှာ ဖြစ်နေတာ ၊ နှစ်သက်တဲ့ အရာတွေ ရှိနေသလို ၊ မနှစ်သက်တဲ့ အရာတွေလဲ ရှိနေတယ်
"I have a bit of a love-hate relationship with my car."
ကျနော့်ရဲ့ ကားမှာ ချစ်စရာနဲ့ မုန်းစရာ အချက်ကလေးတွေ နည်းနည်းစီ ရှိနေတယ် ။
.
4. mish-mash = တစ်ခုနဲ့ တစ်ခု ပေါင်းစပ်လိုက်တဲ့ အခါ အသားမကျဖြစ်တာ ၊ အဆက်အစပ်မမိတာ ၊ အနည်းငယ် ကွဲလွဲနေတာ
"The new regulation is a bit of a mish-mash of the last two regulations we've had."
စည်းမျဉ်းအသစ်ဟာ ကျနော်တို့မှာ ရှိပြီးဖြစ်တဲ့ စည်းမျဉ်းနှစ်ခုနဲ့ အနည်းငယ် ဆက်အစပ်မရှိ ဖြစ်နေတယ် ။
.
5. riff-raff = ကိုယ့်ထက်အဆင့်နိမ့်တယ်လို့ ထင်တဲ့သူတွေကို ညွှန်းဖို့ သုံးတာဖြစ်ပါတယ် ၊ လူအများက အပေါင်းအသင်းမလုပ်ချင်တဲ့သူများကိုလည်း သုံးပါတယ် 
" I don't want the town's riff-raff turning up and eating all the food in my party."
ငါ့ရဲ့ ပါတီပွဲမှာ မြို့ထဲက အောက်ခြေလူစားတွေ လာပြီး အစားအသောက်တွေ အကုန်လုံး စားကြမှာကို မလိုလားဘူး 
“Look at all the riff-raff overthere.”
ဟောဟိုက အောက်တန်းစားတွေကို ကြည့်လိုက်စမ်းပါ ။
( ဒီစကားလုံးကို တွေ့လို့သာ စုံအောင်ထည့်လိုက်ရတယ် ၊ မယဉ်ကျေးသလိုမျိုး ခံစားမိပါတယ် ၊ ဖတ်တဲ့အခါ နားလည်နိုင်ဖို့ပါ ၊ ကိုယ်ကတော့ မသုံးကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ် )
.
6. chit-chat = chatting ဆွဲသလိုမျိုးပါပဲ ၊ အပြင်မှာ စကားစမြည်ပြောကြတာ
"He asked us to stop our chit-chat and get on with our work."
သူက ကျနော်တို့ကို စကားစမြည် ပြောတာကို ဖြတ်ပြီး အလုပ် ဆက်လုပ်ဖို့ ပြောခဲ့ပါတယ် ။
( get on with = go ahead, continue )
.
7. knick-knack = အလှဆင် ပစ္စည်းလေးတွေပါ ( ဆွဲကြိုး လက်ကောက် နားဆွဲ စသည် စသည် ဖန်စီ ပစ္စည်းလေးတွေလည်း အပါအ၀င်ပေါ့ )
"She's got a lot of knick-knacks – I'm always afraid I'm going to break one."
သူ့မှာ အလှဆင်ပစ္စည်းလေးတွေ အများကြီး ရှိတယ် ၊ ငါ့ကြောင့် တစ်ခုခု ပျက်စီးသွားမှာကို အမြဲပဲ စိုးရိမ်နေရတယ် ။
.
8. ship-shape = အားလုံးက သူ့နေရာနဲ့သူ နေသားတကျ ရှိနေတယ် 
"I want to leave the place ship-shape when we go on holiday."
ငါတို့ အားလပ်ရက် ခရီးသွားတဲ့ အချိန်မှာ အခုနေရာကို ( ပစ္စည်းတွေက) သူ့နေရာနဲ့သူ ရှိနေခဲ့စေချင်တယ် ၊ ထားခဲ့ချင်တယ် ။ 
.
9. zig-zag = ခပ်စောင်းစောင်း ထောင့်ဖြတ်အတိုင်း (အလျားလိုက်မဟုတ် ကန့်လန့်မဟုတ်)
"He lost control of the car and it zig-zagged across the road."
သူဟာ ကားကို မထိန်းနိုင်ဖြစ်ပြီး ကားက လမ်းကို ထောင့်ဖြတ်အတိုင်း ဖြတ်သွားခဲ့ပါတယ်
.
10. ding-dong = အငြင်းအခုန်ဖြစ်တာ
"They've had a bit of a ding-dong and they're not talking to each other at the moment."
သူတို့ နည်းနည်း အငြင်းအခုန် ဖြစ်ပြီးသွားခဲ့ပြီ ၊ ပြီးတော့ ခုလောလောဆယ်မှာ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြဘူး
.
11. higgledy-piggledy = ရှုပ်ပွနေတာ
"That bookshelf is all higgledy-piggledy!"
စာအုပ်စင်က အကုန်လုံး ရှုပ်ပွနေတာပဲ !
.
12. wishy-washy = အားမရှိတဲ့ ထင်မြင်ချက် ၊ ငြင်းဆိုချက်
"His argument is a bit wishy-washy – I don't get the impression that he really knows about it"
သူ့ရဲ့ ငြင်းဆိုချက်က အတော်လေး အားမရှိပါဘူး ၊ အဲဒါကို သူ တကယ်သိတယ်လို့ ငါ အထင်မကြီးမိဘူး ( မထင်မိဘူး)
.
13. easy-peasey = လွယ်လွယ်လေးပါ ( ကလေးတွေရဲ့ အသုံး ) ၊ 
ကျနော်တို့ မြန်မာ မှာလဲ လွယ်တာလေးတွေဆို “ အေးဆေးပါ “ လို့ ပြောတယ် မဟုတ်လား ၊ အဲဒါကိုပဲ ကလေးတွေက “ အေးဆေး ပလေးဆေး “ လို့ ပြောတတ်ကြတယ် ၊ ဒီသဘောမျိုးပဲ အင်္ဂလိပ်မှာလည်း သုံးကြပါတယ် 
"This program is easy-peasey – I understood it in half an hour!"
ဒီပရိုဂရမ်လေးက အေးဆေးပါ ၊ အဲဒါကို နာရီဝက်နဲ့ နားလည်ပါတယ် 
.
14. flip-flops = ရာဘာခြေညှပ်ဖိနပ်
"I lived in my flip-flops when I was staying on the beach."
ကမ်းခြေမှာတုန်းက ငါရာဘာ ခြေညှပ်ဖိနပ်ကို စီးခဲ့တယ်
.
15. see-saw = ပန်းခြံထဲမှာ ကလေးတွေကစားတဲ့ ဆီးဆော စီးသလိုမျိုး တက်လိုက်ကျလိုက်ဖြစ်နေတာ
“Their relationship was an emotional seesaw.”
သူတို့ရဲ့ ဆက်ဆံရေးက စိတ်ခံစားမှုကို လိုက်ပြီး တက်လိုက်ကျလိုက် ဆက်ဆံရေး တစ်ခု ဖြစ်နေခဲ့ပါတယ်
………………………..
မေတ္တာဖြင့် 

Credit to အင်္ဂလိပ်စာ စိတ်ဝင်စားသူများအဖွဲ့ By Sayar WinNaingOoheart emoticon

Post a Comment

0 Comments

Close Menu