Ad Code

Responsive Advertisement

ဆယ်ကျော်သက် ကျောင်းသူ ၃ ဦး ကျူရှင်သွားရင်း တပြိုင်နက်ပျောက်ဆုံး 27 May 2016

ဆယ်ကျော်သက် ကျောင်းသူ ၃ ဦး ကျူရှင်သွားရင်း တပြိုင်နက်ပျောက်ဆုံး
27 May 2016
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဆယ်ကျော်သက် ကျေင်းသူ ၃ ဦး မေ ၂၅ ရက်တွင် ကျူရှင်သွားတက်ရာမှ ပျောက်ဆုံးနေကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် ဆ ရပ်ကွက် သုနန္ဒာ(၁၄)လမ်းတွင်
နေထိုင်ကြသည့် မလဲ့သဇင်ခိုင်(၁၃)နှစ်နှင့် မဆုမြတ်နိုး(၁၃) နှစ် သုနန္ဒာ(၁၂)လမ်းတွင် နေထိုင်သည့် မချယ်ရီမေ (ခ) ခိုင်ဇင်ထွေး (၁၄) နှစ်တို့ ပျောက်ဆုံးနေကြခြင်းဖြစ်သည်။
ကျူရှင်ဆရာမမှ ထိုကျောင်းသူ ၃ ဦးသည် ကျူရှင်သို့ရောက်ရှိမလာကြောင်းပြောဆိုရာမှ ပျောက်ဆုံးနေကြောင်းသိရပြီး မြောက်ဥက္ကလာပ မြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားထားကြောင်း သိရသည်။
Myanmar Citizen News Agency






Post a Comment

0 Comments

Close Menu