Ad Code

Responsive Advertisement

ဘန်ကောက်မှာ နိုင်ငံခြားသား လမ်းဘေးဈေးသည်များအား စတင်ဖမ်းဆီး 27May2016

ဘန်ကောက်မှာ နိုင်ငံခြားသား လမ်းဘေးဈေးသည်များအား
စတင်ဖမ်းဆီး
27May2016
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ်တွေမှာ လက်တွန်းလှည်းနဲ့  သစ်သီးရောင်းနေ သူ-ရေခဲမုန့်မြေပဲလှော်ရိုတီ(ပလာတာ)စတဲ့ အစားသောက်သောက် တွေရောင်းနေသူတွေကို ရဲတပ်ဖွဲ့ နဲ့  လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ရှာဖွေ စစ်ဆေး ဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။
(၂၆) ရက်မေလ နေ့ လည်ပိုင်းမှာ လာအို-ကမ္ဘောဒီးယား-နဲ့  မြန်မာနိုင်ငံမှ လာရောက်ပြီး ဈေးရောင်းစားနေသူ လေးဦးကိုဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံကိုလာရောက်တဲ့ နိုင်ငံခြားသားတွေအနေနဲ့  အလုပ်ကြမ်းကာယ
လုပ်သားကလွဲပြီးကိုယ်ပိုင်အသေးစားဈေးဆိုင်ဖွင့်တာ ဈေးရောင်းတာတွေလုပ်တာကို ခွင့်ပြုမထားကြောင်း။
တကယ်လို့ ထိုင်းနိုင်ငံသားတွေသာရတဲ့ ဈေးရောင်းခွင့် စာရွတ်စာတမ်း မရှိဘဲ လမ်းဘေးဈေးရောင်းနေကြတဲ့ နိုင်ငံခြားသားတွေအနေနဲ့  အာဏာ ပိုင်တွေ က ထောင်ဒဏ်(၅)နှစ်အထိ အရေးယူနိုင်တယ်လို့ သိရပါတယ်။
ခုလိုဖမ်းဆီးခဲ့တာဟာ ယခင်တပါတ်အတွင်း ဆိုးဆေးတွေနဲ့  ဖျော်စပ်တဲ့ လိမ္မော်ရည် အတုတွေရောင်းနေသူ ဗီရက်နမ် လင်မယားကို ဖမ်းဆီးခဲ့ပြီး
တဲ့နောက် ခုလိုနိုင်ငံခြားဈေးသည်တွေအပေါ် တင်းကြပ်မှုတွေပြုလုပ်ခဲ့ တာဖြစ်ပါတယ်။
SAW
Photo Nation




Post a Comment

0 Comments

Close Menu