Ad Code

Responsive Advertisement

♪ ALPHA TECHNOLOGY နှင့် SHOP.COM.MM တို့ ပူးပေါင်း၍ SONY စမတ်ဖုန်းများကို ပရိုမိုးရှင်း ပြုလုပ်ရောင်းချမည် ♫



Sony စမတ်ဖုန်းများကို တင်သွင်းရောင်းချလျက်ရှိသည့် Alpha Technology & Communication နှင့် Shop.com.mm တို့ ပူးပေါင်း၍ Sony စမတ်ဖုန်းများအား ပရိုမိုးရှင်း ပြုလုပ်ရောင်းချမည့် အစီအစဉ်ကို ဇွန်လ ၄ ရက် နှင့် ၅ ရက် နေ့များတွင် သာကေတမြို့နယ်ရှိ Capital Hyper Market ၌ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲတွင် Sony စမတ်ဖုန်းများကို ဈေးလျှော့ ရောင်းချပေးမည့်အပြင် လက်ဆောင်ပစ္စည်းများစွာ နှင့် ကံစမ်းမဲအစီအစဉ်များစွာလည်း ပါဝင်မည်ဖြစ်သည်။ Sony စမတ်ဖုန်း ဝယ်ယူမည်ဆိုပါက Screen Guard, Sony Original Ear Piece, Sony Original Cover တို့ကို ပေးမည့်အပြင် Sony အမှတ်တံဆိပ် Z3 Tablet တစ်လုံးကိုလည်း မဲဖောက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ၂ ရက် အတွင်း ပွဲသို့လာရောက် သူများအနေဖြင့် Sony စမတ်ဖုန်းများ၏ Software အခက်အခဲများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် အမြန်ဆုံး ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီပရိုမိုးရှင်းကို မိုးရာသီ ဈေးရောင်းပွဲတော်အနေနဲ့ ကျင်းပပေးတာပါ။ ဒီပွဲမှာ Sony စမတ်ဖုန်းတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ဈေးလျှော့ရောင်းချပေးသွားမှာ ဖြစ်ပါ တယ်။ နောက်အစီအစဉ် တစ်ခုက ကျွန်တော်တို့ ဒီပွဲမှာ One Stop Service ဆိုပြီး Software ပြဿနာတွေ ကို ဈေးနှုန်းချိုသာစွာနဲ့ အမြန်ဆုံးပြုပြင်ပေးသွားမှာပါ။

ကျွန်တော်တို့ Alpha ကနေ ဝယ်ယူထားတဲ့ဖုန်းတွေကို အာမခံကတ်ပြားပါလာရင်တော့ အခမဲ့ စစ်ဆေးပေးသွားမှာပါ” ဟု Alpha Technology & Communication မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Credit to ==> Internet Journal

Post a Comment

0 Comments

Close Menu