Ad Code

Responsive Advertisement

Arrive နောက်မှာ to မလိုက်ရတော့ ဘာတွေရလဲ မှတ်ထားပါ




(1) နေရာတစ်ခုကို ရောက်လျှင် “arrive at” ကိုသုံးနိုင်ပါတယ်
You usually say that someone arrives at a place.
.
(1.1) We /arrived at/ Victoria Station at 3 o'clock.
ကျနော်တို့ ဝိတိုရိယဘူတာကို သုံးနာရီမှာ ရောက်ပါတယ်
.
(2) နိုင်ငံ ၊ မြို့ စတဲ့ .. ကြီးမားကျယ်ပြန့်တဲ့ နေရာတစ်ခုခုကိုရောက်လျှင်တော့ “arrive in” ကိုသုံးနိုင်ပါတယ်
However, you say that someone arrives in a country or city.
..
(2.1) I have /arrived in/ Korea to see the beautiful girls.
မိန်းမချောလေးတွေကို တွေ့ရမြင်ရဖို့ ကျနော် ကိုရီးယားနိုင်ငံကို ရောက်ပါပြီ
(2.2) The ambassador /arrived in/ Paris today.
သံအမတ်ကြီးက ဒီကနေ့ ပဲရစ်မြို့ကို ရောက်ပါတယ်
..................................................
(3) နေရာတစ်ခုကို ရောက်တဲ့အတွက် arrive to ကို မသုံးရပါဘူး ။
Be Careful! Don't say that someone 'arrives to' a place.
..........................................................
(4) arrive နဲ့ home, here, there, somewhere, or anywhere ..စတဲ့နေရာတွေ တွဲသုံးတဲ့အခါ preposition မသုံးရပါဘူး
Be Careful! Don't use a preposition after arrive in front of home, here, there, somewhere, or anywhere.
..
(4.1) I /arrived home/ late last night.
မနေ့ညက ကျနော် နောက်ကျပြီးမှ အိမ်ကို ပြန်ရောက်ပါတယ်
(4.2) I /arrived here/ yesterday.
ကျနော် မနေ့က ဒီနေရာကိုရောက်ပါတယ်
(4.3) Drive carefully and call me when you /arrive there/.
ကားကို သတိထားပြီးမောင်းသွားပါ ၊ပြီတော့ ဟိုရောက်တဲ့အခါ ကျနော့်ဆီကို ဖုန်းပြန်ဆက်ပါဦး
(4.4) What do you do when you /arrive somewhere/ early?
ခင်ဗျား တစ်နေရာရာကို စောပြီးရောက်သွားတဲ့အခါ ဘာလုပ်ပါသလဲ (ဘာလုပ်လေ့ရှိပါသလဲ)
(4.5) I can /arrive anywhere/ in the city within thirty minutes.
မြို့ထဲက ဘယ်နေရာကိုမဆို မိနစ်သုံးဆယ်အတွင်းမှာ ကျနော်ရောက် နိုင်ပါတယ်
......
arrive ဟာ ဆိုက်ရောက်သည်..ဆိုတော့ ရောက်ပြီးဖြစ်နေပြီ ၊ ရွေလျားဖို့ မလိုတော့ပါဘူး ၊ ဒါကြောင့် to မလိုတော့တာဖြစ်ပါတယ် ။ to ကို သို့ ..လို့ကျနော်တို့က ယူထားတယ်မဟုတ်လား ၊ မြန်မာလိုမှာက ..သို့..ကို ဦးတည်ရာပြပုဒ်အဖြစ် ရန်ကုန်သို့သွားသည် လို့လည်း သုံးသလို ၊ ဆိုက်ရောက်ရာပြပုဒ်အဖြစ် ရန်ကုန်သို့ရောက်သည် လို့လည်း သုံးပြန်ပါတယ် ။ အင်္ဂလိပ်စာမှာတော့ အဲဒီလို ဆိုက်ရောက်ရာကို ပြဖို့အတွက် to သုံးလို့မရဘူးဆိုတာကို သတိပေးချင်တာဖြစ်ပါတယ် ။ မှားတတ်ကြလို့ပါ ။
..
reach(v) ရောက်သည် ဆိုက်သည် ..ကျတော့ preposition ကို မလိုတော့ပါဘူး ၊ မထည့်ပါဘူး ။
.
The boat reached the shore. (at/in မပါဘူးနော်)
လှေက ကမ်းစပ်ကို ဆိုက်ကပ်ပါတယ်
..
..စသည်ဖြင့် သုံးနိုင်ကြပါကြောင်း
...
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/

Post a Comment

0 Comments

Close Menu