Ad Code

Responsive Advertisement

being + adjective ပေါင်းတဲ့အခါ



being + adjective ပေါင်းတဲ့အခါ 
……………………
တစ်ခါတရံမှာတော့ ကျနော်တို့ဟာ Verb တွေလိုပဲ Adjective တွေကိုလဲ Continuous Tense (Progressive form) နဲ့ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ သဘောကို ရဖို့အတွက် _ing ပေါင်းကြည့်ချင်တတ်ပါတယ် ၊ မြန်မာလိုတွေးပြီး အင်္ဂလိပ်လို ရေးကြည့်ချင်တာလည်း ဖြစ်လိမ့်မယ် ၊ ပြီးခဲ့တဲ့ တစ်နေ့ကပဲ “ကျနော်ဆာနေတယ်” ကို I’m being hungry. ရေးလို့ရမလားဆိုပြီး မေးခွန်းတစ်ခုကို တွေ့လိုက်မိပါတယ် .. အဲလိုမျိုး adjective တွေကို ဖြစ်နေတဲ့သဘော လုပ်နေတဲ့သဘောရအောင် ဘယ်လိုဖန်တီးရမလဲ စဉ်းစားပေးတဲ့သဘောနဲ့ တင်ဆက်လိုက်ပါတယ် ၊ အားလုံးကို ခြုံငုံမိမှာ မဟုတ်သော်လည်း အခြေခံအတွေးလေးတွေ ပေးနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်..
.
Adjective တွေကို Verb တွေလိုပဲ Stative (တည်ငြိမ်သော) နဲ့ Dynamic (ရွေ့လျှားသော) ဆိုပြီး နှစ်မျိုးခွဲထားပါတယ် (Dynamic adj နဲ့ Action adj က အတူတူပါပဲ)
.
(a) Stative adjectives
………………………….
Stative adjectives, such as tall, short, big, small, beautiful, pretty, describe the static characteristics objects, and most adjectives are static adjectives.
အငြိမ်နာမ၀ိသေသနတွေက အရာဝတ္ထုတစ်ခုရဲ့ မူလရှိပြီးသား အရည်အသွေးတွေ ၊ သွင်ပြင်လက္ခဏာတွေဖြစ်ပြီး အလွယ်အကူ ပြောင်းလဲမှု မရှိတာကို တွေ့ရပါတယ် ၊ adj အများစုဟာ အငြိမ် တွေ ဖြစ်ကြပါတယ်..တဲ့

နောက်တော့ continuous tense အကြောင်းတွေးကြည့်ရအောင်ပါ..
Continuous tense ဆိုတာက အချိန်အကန့်အသတ်တစ်ခုအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကိုပဲ သုံးရပါတယ်.. သိကြတဲ့အတိုင်းပါပဲ အမြဲဖြစ်နေတဲ့ ကိစ္စမျိုးတွေဆိုလျင် Present tense ကိုပဲ သုံးမှာပေါ့
အဲဒီတော့ အခုဒီလိုမျိုး အငြိမ် adj တွေဟာ အချိန်အကန့်အသတ်အတွင်းမှာ ပြောင်းနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး ၊ ပြောင်းလဲပါတယ်လို့ ဆိုပါဦးတော့ ပြောင်းလဲမှုက မသိသာပါဘူး ၊ အဲဒါကြောင့် 
…………………………………..
Stative Adjective တွေကို Continuous ပုံစံနဲ့ ရေးလို့မရပါဘူး
…………………………………
ဆိုပါစို့ ..
ကျနော်က အရပ်ပုပါတယ် I am short. ပေါ့ …ဒါကို 
ကျနော်က အရပ်ပုနေပါတယ် လို့ I am being short. ဆိုပြီး ရေးလို့မရပါဘူး 
အဲလိုပဲ.. သူမလှနေတယ် ..She is being beautiful. လည်းမရပါဘူး
…………………………………………………….
.
b. Dynamic adjectives
………………………………
Dynamic adjectives, such as ambitious, careful, crazy, generous, helpful, patient, polite, describe the dynamic properties of people or things.
ရွေ့လျှား adj တွေကတော့ လုပ်ဆောင်မှုတွေ ၊ အပြုအမူတွေ ၊ အတွေးတွေ စတဲ့ လှုပ်ရှားပြောင်းလဲတတ်တဲ့ ဂုဏ်သတ္တိတွေကို ဖေါ်ပြ နေတာတွေ ဖြစ်ပါတယ်
.
(1) We normally use the progressive form with an adjective when we are talking about actions and behaviour with progressive aspect.
ပုံမှန်အားဖြင့် progressive form ကို အပြုအမူ ၊ လုပ်ဆောင်မှုတွေကို ဆက်လက်ဖြစ်ပေါ်နေတဲ့ သဘောနဲ့ ပြောတဲ့အခါမှာ သုံးပါတယ် ( being ကို သုံးတဲ့အခါ ဖြစ်နေတယ်ဆိုတဲ့ သဘောမဟုတ်ပဲ လုပ်နေတယ်ဆိုတဲ့ သဘောကို ယူရမှာဖြစ်ပါတယ်)

(1.1) He is being childish.
သူကလေးဆန်နေတယ် (ကလေးဆန်တဲ့ အပြုအမူတွေ လုပ်နေတဲ့သဘောပါ) 
(1.2) You are being foolish.
မင်းက ရူးမိုက်နေတယ် (ရူးမိုက်တဲ့ အလုပ်တွေ လုပ်နေတယ်လို့ အဓိပ္ပါယ်ရပါတယ်)
(1.3) I was walking on tiptoes and being very careful not to wake the baby.
ကျနော်က ခြေဖျားထောက် လှမ်းသွားခဲ့ပြီးတော့ ကလေးမနိုးအောင် အရမ်းဂရုစိုက် နေခဲ့ရပါတယ်
( အရမ်းဂရုထားပြီး လုပ်ဆောင်နေတဲ့သဘောမို့ လုပ်ဆောင်မှုကို ပေါ်လွင်စေပါတယ်)
…………………………………………………
(2) သို့သော်လည်း (အထူးသဖြင့် အမေရိကန်တွေက) လောလောဆယ် ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မှာ အသားပေးပြီး ပြောချင်တဲ့ အခါမှာလည်း continuous ပုံစံကို သုံးတယ်လို့ ဆိုပါတယ်
.
(2.1.1) He is rude. (He's a rude person.) 
သူကရိုင်းစိုင်းတယ် (သူက လူရိုင်းတစ်ယောက်ပါ ၊ အမြဲရိုင်းတဲ့သူ)
(2.1.2) He is being rude today. 
ဒီနေ့ သူရိုင်းစိုင်းနေတယ်(ခါတိုင်းက ပုံမှန်ပဲ ၊ ဒီနေ့မှ သိသိသာသာ ရိုင်းနေတာ)
……………..
(2.2.1) She is honest. (She's an honest person.)
သူမက ရိုးသားဖြောင့်မတ်တယ် (သူမက ရိုးသားတဲ့ သူတစ်ယောက်ပါ ၊ အမြဲရိုးသားတယ်) 
(2.2.2) I'm being honest with you when I say that.
ကျနော် ခင်ဗျားနဲ့ အဲဒါကို ပြောတဲ့အချိန်မှာ ရိုးသားနေပါတယ် (တခြားအချိန်မှာတုန်းက ရိုးသားဖို့ မသေချာဘူး ၊ ပြောတဲ့ အချိန် အခိုက်အတန့်မှာတော့ ရိုးသားတာ သေချာတယ်)
…………..
(3) However, when the adjectives relate to feelings, we do not use the progressive form:
သို့သော်လည်း Adj တွေက ခံစားချက်တွေနဲ့ ဆက်စပ်နေတဲ့ အချိန်မှာ progressive form ကို မသုံးဘူးလို့ ဆိုပါတယ်..
.
(3.1) I was upset when I heard that.
အဲဒါကို ကြားလိုက်ရတဲ့အချိန်မှာ ကျနော် စိတ်မကောင်းဖြစ်ခဲ့ပါတယ်
.
(3.2) I am delighted to hear that.
ကြားရတာ ၀မ်းသာကြည်နူးမိပါတယ် …. စသည်ဖြင့် သုံးပါတယ်
ဒါတွေက ယေဘူယျ ယူဆချက်တွေပေါ့
………………………………….
သို့သော်လည်း ဆိုပေမယ့် .. 
Some people say that the progressive expresses "heightened interest."
တချို့ကတော့ progressive ဖေါ်ပြချက်တွေက စိတ်ဝင်စားမှုမြင့်စေတဲ့သဘောကို ဖေါ်ပြပါသတဲ့.. 
.
(a) Hello, Tom. You look sad. What happened?
ဟယ်လိုတွန်မ် ၊ မင်းစိတ်မကောင်းဖြစ်ပုံရတယ် ၊ ဘာဖြစ်တာလဲ
(b) Hey, Tom. You're looking very sad. Tell me what's happened!!!
ဟေးတွန်မ် ၊ မင်းကိုကြည့်ရတာ စိတ်မကောင်းဖြစ်နေပုံပဲ ၊ ဘာဖြစ်တာလဲ ငါ့ကို ပြောပြပါ ..
.
ဒီဝါကျနှစ်ကြောင်းမှာ ဒုတိယ၀ါကျဟာ ပိုလို့သက်ဝင်လှုပ်ရှားပြီး စိတ်ဝင်စားမှုရှိတယ်ဆိုတာကို မြင်နိုင်ပါတယ်
.
Finally, Mr. Michael Swan in his popular Practical English Usage says that "many 'non-progressive' verbs are occasionally used in progressive forms in order to emphasize the idea of change or development”.
ဖြစ်ပျက် ပြောင်းလဲတဲ့ သဘောမရှိသော စကားလုံး တွေကို “အခါအခွင့်သင့်သလို” progressive form နဲ့ ပြောင်းလဲလာတယ် .. ကြီးထွားဖွံ့ဖြိုးလာတယ် ဆိုတဲ့သဘောကို အလေးပေး ဖေါ်ပြဖို့ သုံးပါတယ်လို့ Michael Swan ကထောက်ခံပါတယ်
.
လုပ်ခွင့်ရပြီဆိုတော့ ကျနော်အနေနဲ့ ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းလေး ရောက်လာပါပြီ ..
.
ကျနော်ကတော့ liking verb တွေ ဖြစ်တဲ့ Get, feel, look, seem, turn, smell,.. etc တို့ရဲ့ အားကို သုံးပြီး continuous form လုပ်ပါမယ်
.
(1) get ကို နေရာတော်တော်များများမှာ သုံးလို့ရပါတယ် ၊ get + adj ဟာ become ဖြစ်လာသည် ဆိုတဲ့ အဓိပ္ပါယ်နဲ့ changing ပြောင်းနေတယ် ဆိုတဲ့ သဘောနှစ်ခုပါနေပါသတဲ့
I am getting hungry.
ကျနော်ဆာလောင်နေတယ် ..(ဆာလောင်မှုက တိုး..တိုးပြီး လာတတ်တာကိုး ၊ ပြောင်းနေတယ်လေ)
I am getting tired. 
ကျနော်မောနေတယ် (ပို၍ပို၍ မောလာနေတာ)
I am getting fat.
ကျနော်ဝလာနေတယ် (တဖြည်းဖြည်း ပိုဝလာတာ)
.
(2) feel ကို ခန္ဓာကိုယ်ရဲ့ ခံစားမှု (Body sense ဖောဋ္ဌဗ္ဗာရုံ) တွေနဲ့ ၊ စိတ်ခံစားမှုတွေအတွက် သုံးနိုင်ပါတယ် ၊
.
How are you feeling today?
ဒီနေ့နေကောင်းပါရဲ့လား
The blanket is feeling soft and warm
စောင်ကလေးက နူးညံ့ပြီးနွေးနေတယ် (ကိုယ်လုံးနဲ့ ထိလို့ ခံစားမှုရနေတာ)
(touch ကိုလည်း ထိသည်လို့ မယူပဲ .. linking verb အဓိပ္ပါယ်နဲ့ အထိအတွေ့အရသာကိုပေးတယ် ဆိုတဲ့သဘောနဲ့ သုံးလို့ရနိုင်ပါတယ်)
I am feeling happy.
ကျနော် ပျော်နေတယ်
I am feeling lonely.
ကျနော် အထီးကျန်နေတယ်
.
(3) Look ကိုတော့ အမြင်နဲ့ ဆုံးဖြတ်တဲ့ကိစ္စတွေမှာ သုံးလို့ရပါတယ်
.
He is looking healthy. 
သူ့ကိုကြည့်ရတာ ကျန်းမာရေးကောင်းနေပုံပဲ (မျက်စေ့အမြင်အားဖြင့် လောလောဆယ် ကျန်းမာနေပုံပဲ)
.
(4) ထင်မြင်ချက်အတွက် seem သုံးပါ
This debate is seeming more and more like a conversation.
အခြေအတင်ဆွေးနွေးပွဲက သာမန်စကားပြောပွဲတစ်ခုလို ပို၍ပို၍ ထင်လာနေရတယ်
(အခြေအတင် ဆွေးနွေးပွဲက အစပိုင်းမှာလို မဟုတ်တော့ပဲနဲ့ လောလောဆယ်မှာ စိတ်ဝင်စားမှု မကောင်းတော့ဘူး)
.
(5) အရောင်ပြောင်းသွားပြီး ရှိနေတာကို turn သုံးပါ
.
The forest is turning red in autumn.
ဆောင်းဦးရာသီမှာ သစ်တောဟာ အနီရောင်ဖြစ်နေတယ်
( Linking verb တွေဟာ main verb တွေလို သူ့အဓိပ္ပါယ်ကို အဓိကယူရမှာ မဟုတ်ပါဘူး ၊ Sub နဲ့ adj ဖြစ်တဲ့ ဖြည့်ပုဒ်ကို ဆက်စပ်ပေးတဲ့ အလုပ်ကို လုပ်တာဖြစ်ပါတယ် ၊ ညီမျှခြင်းချပေးတယ်လို့လည်း ပြောကြတယ် ၊ The forest = red .. ဒါပဲ ။ ဒါကြောင့် turning ကို ပြောင်းနေသည်လို့ အပြည့် မယူလိုက်တာပါ ၊ သို့သော်လည်း ပြောင်းလဲလာတဲ့ သဘောလည်း ပါစေလိုတဲ့အတွက် turn ကို သုံးတာပါ)
.
(6) smell ကတော့ အနံ့အတွက်ပေါ့
The flower is smelling sweet.
ပန်းက ရနံ့မွေးနေတယ် .. 
.
စသည်ဖြင့် သုံးနိုင်ပြီးတော့ ကျန် linking verb များကိုလည်း သင့်တော်သလို လေ့လာစဉ်းစားပြီး သုံးနိုင်ပါတယ်
သို့သော်လည်း ပြန်ချုပ်ပေးချင်တာက
………………………….
(၁) Stative adjective အငြိမ်နာမ၀ိသေသန များအတွက် continuous ပုံစံ သုံးလို့မရပါဘူး
(၂) Dynamic adjective လှုပ်ရှား နာမ၀ိသေသနများအတွက် “လုပ်ဆောင်နေတဲ့သဘော” ပါလျင် being နဲ့တွဲသုံးပါ
(၃) Dynamic adjective များဖြစ်သော်လည်း ခံစားမှုနဲ့ သက်ဆိုင်နေလျင် continuous ပုံစံ မသုံးပါနဲ့
(၄) မရဘူး ဇွတ်ပဲ မြန်မာဆန်ဆန်လေး သုံးချင်တယ်ဆိုလျင် သင့်တော်ရာ linking verb လေးတွေနဲ့တွဲသုံးပါ
……………………………
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/
heart emoticon

Post a Comment

0 Comments

Close Menu