Ad Code

Responsive Advertisement

အချိန်နဲ့ ဆိုင်တဲ့ အသုံးတွေ မှန်ကန်ကြဖို့


အင်္ဂလိပ်စာကို ရေးသား ပြောဆိုတဲ့အခါ အချိန်အခါတွေ၊ နေရာတွေ စသည်တို့ကို မကြာခဏ ညွှန်ပြ ပြောဆိုရေးသား ကြရပါတယ်။ သာမန်အားဖြင့် ပြောရတာလွယ်ကူတယ် ထင်ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ အချို့သော အသုံးတွေက ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ် ဆိုတာ ဆုံးဖြတ်ရ ခက်တတ်ပါတယ်။ အချိန်နဲ့ဆိုင်တဲ့ အသုံးတွေထဲက နံနက်ပိုင်း (morning) နဲ့ ဆိုင်တဲ့ အသုံးတစ်ချို့ကို တင်ပြလိုက်ပါတယ်။

မြန်မာစကားမှာ နေ့နဲ့ညဆိုပြီး နေရောင်ကို ကြည့်ပြီး အချိန်ကို အကြမ်းဖျဉ်း ပိုင်းခြား ပြောဆိုပါတယ်။ နေ့တစ်နေ့ကို ပိုင်းကြည့်မယ်ဆိုရင် မနက်(morning)၊ မွန်းတည့် (noon)၊ နေ့လည် (afternoon) နှင့် ညနေ(evening) ဆိုပြီး ရှိမှာပါ။ အဲ့ဒီအထဲမှာ noon ကလွဲရင် ကျန်တာတွေမှာ အချိန်အပိုင်းအခြား သတ်မှတ်ထားပြီး ကာလတစ်ခု ကြာရှည်ပါတယ်။ noon က မွန်းတည့်ချိန် တစ်ချိန်(အချိန်တိုကလေး)သာ ကြာမြင့်ပါတယ်။
Morning
ဆိုတဲ့ မနက်ခင်းကတော့ သင်အိပ်ယာမှ နိုးထတဲ့အချိန် ဒါမှမဟုတ် ကောင်းကင်မှာ အလင်းရောင် စမြင်ရတဲ့ အချိန်ကနေ မွန်းတည့်အချိန် (noon) အထိ ဖြစ်ပါတယ်။

Morning
ကို စကားထဲမှာ လက်ရှိ ပြောနေတဲ့ နေ့ရဲ့ မနက်ကို ညွှန်ပြီး ပြောမယ်ဆိုရင် this morning လို့ ပြောပါတယ်။ “in this morning” လို့ ‘in’ ထည့်ပြီး မပြောရဘူးနော်။

Examples:
§  His plane left this morning.
§  “When did it come?” – “This morning.”

သင်ပြောနေတာ မနေ့က မနက်ကိုဆိုရင် yesterday morning လို့ ပြောရတယ်။ အလားတူဘဲ မနက်ဖြန်မနက်ကို ပြောရင် tomorrow morning သို့မဟုတ် in the morning လို့ ပြောရတယ်။

Examples:
§  Yesterday morning, there were more than 10000 voters waiting at the poll stations.
§  Phone him in the morning.

အတိတ်ကာလဖြစ်ခဲ့တဲ့ အကြောင်းအရာကို ပြောချင်ရင်

တစ်ခါတစ်ရံ morning ကို သုံးရင် ရှေ့က preposition ‘in’ ထည့်ရမလား ‘on’ ထည့်ရမလား ဝေခွဲ မရ ဖြစ်တတ်ပါတယ်။ အတိတ်ကာလက ရက်တစ်ရက်ရဲ့ မနက်ခင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုအကြောင်းကို ပြောရင် ‘on’ ကိုသုံးရပါတယ်။

Examples:
§  She left Mandalay on Sunday morning.
§  On the morning of our departure, an old man came up and spoke to him.

နေ့တစ်နေ့ရဲ့ တစ်မနက်မှာဖြစ်တဲ့ အတိတ်ကာလက အကြောင်းအရာကို သရုပ်ဖေါ် (describe) ရင် that morning သို့မဟုတ် in the morning လို့ သုံးရတယ်။

Examples:
§  That morning, I flew from Yangon to Mandalay.
§  The tracks told me what happened in the morning.

မနေ့က မတိုင်ခင် ပြီးခဲ့တဲ့နေ့ ရဲ့ မနက်တုန်းက (တစ်နေ့မနက်က) ဖြစ်ပျက်ခဲ့တာကို ပြောချင်ရင် the previous morning လို့ပြောရတယ်။

ဒီကနေ့ မနက်က (this morning)၊ မနေ့မနက်က (yesterday morning)၊ တစ်နေ့မနက်က (the previous morning) စသည်ဖြင့်ပေါ့။
§  My head felt clear, as it had been the previous morning.

အတိတ်ကာလမှာ တစ်စုံတစ်ခု ဖြစ်ခဲ့တာကို ပြောရာမှာ နောက်တစ်နေ့ မနက်ကိုတော့ ဒီလိုတွေ ပြောရတယ်။ the next morning / in the morning / next morning သို့မဟုတ် the following morning တို့ ဖြစ်တယ်။

Examples:
§  The next morning I got up early and ate my breakfast.
§  In the morning John wanted to go out for fresh milk.
§  Next morning we drove over to Ngwe Saung.
§  The ship was due to sail the following morning.

ပုံပြင်တို့ ဇာတ်လမ်းတို့မှာ မနက်ခင်းတစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်၊ ဘယ်မနက်လဲ ဆိုတာကို ဖေါ်ပြစရာ မလိုဘူး (ဥပမာ- တစ်ခုသော မနက်ခင်းမှာ၊ တစ်မနက်မှာ စသည်ဖြင့်) ဆိုရင် one morning လို့ရေးတယ်။
§  One morning there was a fire in the prison camp.

လတစ်လရဲ့ တစ်ခုသော မနက်ခင်းမှာ ဖြစ်ပျက်တာကို ပြောချင်ရင် (ဥပမာ- ဇန်နဝါရီလရဲ့ တစ်မနက်မှာလို့ ပြောချင်ရင်) One January morning သို့မဟုတ် on a January morning

Examples:
§  One breezy March morning, Mrs Claire was in the kitchen preparing for lunch.
§  One morning in 1936, I accompanied Bertha to church.
§  One fine May morning, I went out for a stroll.

အနာဂတ်ကာလအကြောင်း ပြောချင်တဲ့အခါ

တစ်မနက်ခင်းမှာ ဖြစ်တော့မယ့် အကြောင်းကိစ္စကို ပြောချင်တဲ့အခါ ‘on’ ကို သုံးပါတယ်။
§  They are coming to see me on Friday morning.

လာမယ့်ရက်တစ်ရက်မှာ ဖြစ်မယ့်ကိစ္စကို ပြောတဲ့အခါ ရက်ကို ဖေါ်ပြပြီးသားဖြစ်ခဲ့ရင် အဲ့ဒီရက်ကို ညွှန်ပြ ပြောဆိုတဲ့အခါ in the morning လို့ဘဲ သုံးလိုက်ရုံပါဘဲ။
§  The teams will arrive at Nay Pyi Daw Olympic Village on Sunday when Myanmar will play Thailand in the morning.

ရက်တစ်ရက်မှာဖြစ်မယ့် အကြောင်းကို ပြောနေရင်း အဲ့ဒီရက်နဲ့ နောက်တစ်နေ့မနက်ကို ညွှန်းပြီး ပြောမယ်ဆိုရင် the following morning လို့ ပြောရတယ်။
§  We will arrive in Yangon on Friday evening and set off for Ngwe Saung the following morning.

ပုံမှန် ဖြစ်လေ့ရှိတာကို ပြောတဲ့အခါ

တစ်စုံတစ်ခုက မနက်တိုင်း ပုံမှန် ဖြစ်လေ့ရှိတာ (ဖြစ်လေ့ရှိခဲ့တာ) ကို ပြောချင်ရင် in the morning လို့ ပြောလို့ရသလို plural form နဲ့ in the mornings လို့ပါ ပြောလို့ရတယ်။

Examples:
§  I read all the papers in the morning.
§  The library may open only in the mornings.
§  I had to get up very early in the mornings.
§  She stayed in bed in the mornings.

အကယ်လို့ တစ်စုံတစ်ခုက တစ်ပတ်လျှင်တစ်ကြိမ် ရက်တစ်ရက်ရဲ့ တစ်မနက်မှာ ပုံမှန် ဖြစ်လေ့ရှိတယ်လို့ ပြောချင်ရင် ‘on’ ကို သုံးပြီး နောက်မှာ ရက်နာမည်ကို တွဲကာ နောက်ဆုံးမှာ mornings (plural) နဲ့ အဆုံးသတ်ရတယ်။ (on + day of week + mornings)

Examples:
§  You can deposit and withdraw money on Monday mornings.
§  My father mended shoes on Sunday mornings.

အချိန်အတိအကျကို ဖေါ်ညွှန်းလိုပါက

နာရီ အချိန်တွေကို ပြောတဲ့အခါ မနက်ပိုင်းနဲ့ ညပိုင်းကို am/pm တို့နဲ့ ခွဲခြား ပြောရပါတယ်။ ဒါမှသာလျှင် ကိုယ်ပြောတဲ့အချိန်က မနက်ပိုင်းလား၊ ညနေ သို့မဟုတ် ညပိုင်းလား ဆိုတာ ပေါ်လွင်မှာ ဖြစ်ပါတယ်။ စာ သို့မဟုတ် စကားမှာ အချိန်ကို ပြောပြီးရင် in the morning ကို ထည့် ပြောရတယ်။ (အလားတူဘဲ in the afternoon တို့ in the evening စသည်ဖြင့် ခွဲ ပြောရတယ်။)

Examples:
§  They often hold management meetings at seven in the morning.
§  It was five o’clock in the morning.


Collins COBUILD English Usage, 1992
စာအုပ်မှ မှီငြမ်းထားပါသည်။
Credit to http://www.myanmar-network.net/forum/topics/morning





Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]
အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။
- Join us now at - www.myanmar-network.net/main/authorization/signUp

Credit to http://www.myanmar-network.net/forum/topics/understanding-ielts-apr16

Post a Comment

0 Comments

Close Menu