Ad Code

Responsive Advertisement

အိမ်သာတက်နေတုန်း ငယ်ပါကို မြွေကိုက်ခံရတဲ့သူ


ယနေ့ မနက်အချိန် ထိုင်းနိုင်ငံ ဗန်ဝါမြို့ရှိ နေအိမ်တစ်အိမ် တွင် အမျိုးသား တစ်ဦးမှ အိမ်သာတက်စဉ် အိမ်သာတွင်း တွင် ဝင်ရောက်နေသော စပါးအုံးတစ်ကောင် ၎င်း ၏ ငယ်ပါးအား ကိုက်ခဲ့ကြောင်း ထိုင်း သတင်းများ အရသိရပါတယ် ။
 
တာဝန်ရှိသူများ၏ ပြောကြားချက်အရ ထို စပါးအုံး မြွေက အိမ်သာ ပိုက်လိုင်းများ အတွင်း တက်လာပြီး ကံဆိုးသူ မောင်ရှင်ရဲ့ အိမ်သာခွက်အတွင်း တွင် ဝင်ရောက်နေထိုင်နေခြင်း ဖြစ်တယ်လို့သိရပါတယ် ။ 
 
ထိုသူအိမ်သာ တက်စဉ် အတွင်း ရေအသံများကြောင့် အိမ်သာတွင်းမှာထွက်လာပြီး အမျိုးသား ၏ ငယ်ပါအား ကိုက်ခဲ့ခြင်းဖြစ်ပါတယ် ။ 
 
ထိုစပါးအုံးမှာ အလျား ၁၀ ပေ ခန့်ရှည်လျားကြောင်းသိရပါတယ် ။ ၎င်း အမျိုးသား ၏ ငယ်ပါမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရပါတယ် ။

Ref: http://www.popolay.com/program-detail.php?pml=4625

Post a Comment

0 Comments

Close Menu