Ad Code

Responsive Advertisement

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက ကင်ဆာရောဂါ ၁၃ မျိုးရဲ့ ဖြစ်နိုင်ချေတွေကို လျှော့ချပေး


လူသားတွေအတွက် ကြီးမားတိကျတဲ့ လေ့လာမှုကြီးတစ်ခုကိုတော့ ဆေးပညာရှင်တွေ အချိန်အတော်ကြာယူပြီး လေ့လာမှုပြုလုပ်ခဲ့ကြပါတယ်။ ဒါကတော့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သူတွေအတွက် ဘယ်လို ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ်ဆိုတာ သိရှိနိုင်ဖို့ဖြစ်ပါတယ်။ တကယ်လည်း သေချာလေ့လာခဲ့တဲ့အချိန်မှာတော့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဟာ ကင်ဆာရောဂါဖြစ်နိုင်ချေတွေကို လျှော့ချပေးနိုင်ခဲ့ပြီး ဖြစ်နိုင်ချေတစ်ဝက်နီးပါးအထိကို လျှော့ချပေးနိုင်တဲ့အထိကို လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

လေ့ကျင့်ခန်းပြုလုပ်တာဟာ သွေးဖြူဥကင်ဆာ ၊ အသည်းကင်ဆာ ၊ ရင်သားကင်ဆာတို့လို အဖြစ်များတဲ့ ကင်ဆာဖြစ်နိုင်ချေကို ငါးပုံတစ်ပုံလောက်အထိ လျှော့ချပစ်နိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ 

လေ့ကျင့်ခန်းပြုလုပ်တာဟာ အစာရေမျိုကင်ဆာဖြစ်နိုင်ချေကို အလျှော့ချနိုင်ဆုံးဖြစ်လို့နေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက အစာရေမျိုကင်ဆာဖြစ်ပွားမှုကို ၄၂ ရာနှုန်းအထိ လျှော့ချပေးနိုင်ပြီး အသည်းကင်ဆာဖြစ်ပွားမှုကို ၂၇ ရာနှုန်းအထိ လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ 

ကင်ဆာရောဂါဋ္ဌာနတွေနဲ့ ပူးပေါင်းပြီး တစ်ယောက်ချင်းစီကို သေချာ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်ခဲ့တာပါ။ လေ့လာမှုတွေရဲ့ နောက်ဆုံးမှာတော့ အခုလို ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ လူသန်းချီကို လေ့လာမှုပြုလုပ်ခဲ့တာဖြစ်လို့ တိုက်ဆိုင်မှုလို့ ဆိုနိုင်မှာတော့မဟုတ်ပါဘူး။ 

လေ့ကျင့်ခန်းပြုလုပ်တာက အထက်မှာ ဖော်ပြခဲ့တဲ့ ကင်ဆာနှစ်ခုကို အဲ့ဒီရာနှုန်းနဲ့ လျှော့ချနိုင်ပြီး ကျန်တဲ့ ကင်ဆာ ၁၁ မျိုးကိုလည်း ဒီလောက် ရာနှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ 

အဆုတ်ကင်ဆာ (၂၆ ရာနှုန်းလျှော့ချနိုင်)
ကျောက်ကပ်ကင်ဆာ (၂၃ ရာနှုန်းလျှော့ချနိုင်)
အစာအိမ်ကင်ဆာ ( ၂၂ ရာနှုန်းလျှော့ချနိုင် )
သားအိမ်ခေါင်းကင်ဆာ (၂၁ ရာနှုန်းလျှော့ချနိုင်)
သွေးဖြူဥကင်ဆာ (၂၀ ရာနှုန်းလျှော့ချနိုင်)
သွေးကင်ဆာ ( ၁၇ ရာနှုန်းလျှော့ချနိုင်)
အူမကြီးကင်ဆာ (၁၆ ရာနှုန်းလျှော့ချနိုင်)
လည်ပင်းနှင့် ဦးခေါင်းဆိုင်ရာ ကင်ဆာ (၁၅ ရာနှုန်းလျှော့ချနိုင်)
ကျင်ကြီးအိတ်ကင်ဆာ (၁၃ ရာနှုန်းလျှော့ချပေးနိုင်)
ဆီးအိတ်ကင်ဆာ (၁၃ ရာနှုန်းလျှော့ချနိုင်) နဲ့
ရင်သားကင်ဆာကိုတော့ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ 

လေ့ကျင့်ခန်းကို နေ့တိုင်း အနည်းဆုံးတစ်နာရီလောက် အချိန်ပေးပြုလုပ်သင့်ပြီး တစ်နာရီထက်မနည်းမှသာ ကျန်းမာရေးအတွက် အကျိုးများစေတယ်လို့ သိရပါတယ်။ 

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : NBC
http://health.thithtoolwin.com/2016/05/blog-post_86.html

Post a Comment

0 Comments

Close Menu