Ad Code

Responsive Advertisement

ဇာတ်ပို့သရုပ်ဆောင် လူရွှင်တော် ရှက်တယ် အား မေလ ၂၃ ရက် (ယနေ့) သဂြိုဟ်မည်



ဇာတ်ပို့သရုပ်ဆောင် လူရွှင်တော် ရှက်တယ် အား မေလ ၂၃ ရက် (ယနေ့) သဂြိုဟ်မည်
------ -------- -------

အနုပညာရှင် ဇာတ်ပို့သရုပ်ဆောင် လူရွှင်တော် ရှက်တယ်သည် မေလ ၂၁ ရက် ည ၁၀ နာရီဝန်းကျင်က အစာအိမ်သွေးကြောပေါက်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

လူရွှင်တော် ရှက်တယ်သည် အသက် ၃၈ နှစ်ကျော်သာ ရှိသေးကြောင်း တွံတေးမြို့တစ်ဘက်ကမ်း၊ ကရင်ချောင်ရွာတွင် ဇာတ်ကရန် သွားရောက်စဉ် ရုတ်တရက် အစာအိမ်သွေးကြောပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇာတ်ကရန်သွားခဲ့ပြီး ပထမရက်တွင် သွေးအန်ခဲ့ကြောင်း၊ နာရေးကူညီမှုအသင်း၏ အကူအညီဖြင့် ရန်ကုန်ဆေးရုံကြီး သို့ ရောက်ခဲ့သော်လည်း အစာအိမ်သွေးကြောပေါက် ကာ သေဆုံးခဲ့ရကြောင်း သိရသည်။

လူရွှင်တော် ရှက်တယ်အား မေလ ၂၃ ရက်နေ့(ယနေ့)၊ နေ့ ၂ နာရီတွင်တွင် ရေဝေးသုသာန်၌ သဂြိုဟ်မည် ဖြစ်သည်။

ရှက်တယ်(ခ) ဦးလင်းခမ်းရာမှာ ဇနီးဖြစ်သူနှင့်အတူ သားနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း၊ ၎င်းသည် လူရွှင်တော်ကြီး ဦးရာကျော်၏ သားဖြစ်ပြီး၊ ၎င်း၏ ဦးလေးဖြစ်သူမှာလည်း ဈေးသည်ကြီး ဆန်နီဖြစ်ကြောင်း၊ ဇာတ်သဘင်ဘက်မှနေ၍ နောက်ပိုင်းတွင် သရုပ်ဆောင်ဘက်သို့ ကူးပြောင်းခဲ့ခြင်းဖြစ်သိရသည်။

The Ladies News
Credit to The Ladies News Journal


Post a Comment

0 Comments

Close Menu