Ad Code

Responsive Advertisement

ရိုဟင်ဂျာကိစ္စထက် အရေးကြီးတဲ့ ပြဿနာများစွာ ရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော





သတင်း
ရိုဟင်ဂျာကိစ္စထက် အရေးကြီးတဲ့ ပြဿနာများစွာ ရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ဧရာဝတီ၊ မေ ၂၂၊ ၂၀၁၆
မြန်မာနိုင်ငံမှာ ဘင်္ဂလီ(ရိုဟင်ဂျာ) ကိစ္စထက် အရေးကြီးတဲ့ ပြဿနာများစွာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ ဒီကိစ္စကို အရေးတယူလုပ်နေလို့ မရသလို ရိုဟင်ဂျာဆိုတဲ့ စကားလုံးအပေါ်မှာ အငြင်းပွားနေလို့လည်း ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
“ ကျမတို့ အစိုးရအနေနဲ့ ဒီကိစ္စကို ရှောင်ချင်လို့ မဟုတ်ဘူး။ ဒီကိစ္စကြောင့်ပဲ လူ့အဖွဲ့အစည်း ၂ ခုကြားမှာ ပြဿနာ ဖြစ်နေတာ။ အခု တိုင်းပြည်မှာ ဒီကိစ္စထက် အရေးကြီးတဲ့ ပြဿနာများစွာ ရှိနေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို သဘောတူတယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုပြီး သူတို့တောင်မှ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို တခါတရံမှသာ သုံးစွဲတော့တာလို့ ဆိုပါတယ်။
ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ

Post a Comment

0 Comments

Close Menu