Ad Code

Responsive Advertisement

ရွှေ့ပြောင်း အလုပ်သမားကိစ္စ ထိုင်း-မြန်မာတို့ သဘောတူ


ထိုင်းနဲ့ ​မြန်မာ ​အစိုးရတို့က ​အစိုးရအခြင်းခြင်း ​အလုပ်သမားတွေကို ​ပို့ဆောင်ဖို့ ​ကိစ္စကို ​သဘောတူညီခဲ့ကြတယ်လို့ ​ဘန်ကောက်ပို့စ် ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက ​အလုပ်သမားရေးရာ ​ဝန်ကြီး ​နဲ့ ​မြန်မာနိုင်ငံက ​အလုပ်သမားရေးရာ ​ဝန်ကြီးတို့ ​မြန်မာနိုင်ငံမှာ ​တွေ့ဆုံကြပြီးနောက် ​သဘောတူညီခဲ့ကြတာ ​ဖြစ်ပါတယ်။

အစိုးရ ​အခြင်းခြင်းအကြား ​ပူးပေါင်း ​ဆောင်ရွက်မှသာ ​အလုပ်သမားတွေ ​အနိုင်ကျင့် ​အမြတ်ထုတ် ​ခံရတာတွေ၊ ​လူကုန်ကူးမှုတွေ ​ပပျောက်ပြီး ​အလုပ်သမားတွေ ​အခွင့်အရေး ​အပြည့်အဝ ​ရရှိမယ်လို့ ​ပြောပါတယ်။

လာအိုနိုင်ငံမှာ ​ဒီလလယ်ကြရင် ​ကျင်းပမယ့် ​အာဆီယံ ​အသင်းရဲ့ ​အလုပ်သမား ​ရေးရာ ​ဝန်ကြီးများအသင်း ​အစည်းအဝေးမတိုင်ခင် ​ထိုင်းနဲ့ ​မြန်မာ ​ဝန်ကြီးတွေက ​မြန်မာနိုင်ငံမှာ ​တွေ့ဆုံခဲ့ကြတာ ​ဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ ​လာအိုနိုင်ငံ၊ ​ဗီယက်နမ်နိုင်ငံနဲ့ ​ကမ္ဘောဒီးယား ​နိုင်ငံတို့နဲ့ ​အလုပ်သမား ​သဘောတူညီချက်ကို ​လက်မှတ်ရေးထိုး ​ပြီးသား ​ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ​အလုပ်သမား ​ရေးရာ ​ဝန်ကြီးနဲ့ ​မြန်မာ ​အစိုးရတို့အကြား ​သဘောတူညီမှုကို ​ထိုင်း ​ဝန်ကြီးအဖွဲ့ရဲ့ ​ထောက်ခံမှု ​ရရှိအောင် ​ကြိုးပမ်းသွားမှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu