Ad Code

Responsive Advertisement

လိုင်စင်မဲ့ကားများ မဲဆောက်သွားခွင့်ပိတ်ပင်

ယနေ့ ချစ်ကြည်ရေးတံတား ထိုင်းဘက်တွင် တွေ့ရသည့် မြန်မာနိုင်ငံဘက်မှ မော်တော်ယာဉ်များ။
မေ - ၂၆ - ၂၀၁၆

ကညန လိုင်စင်မရှိသည့် မော်တော်ယာဉ်များကို ယခုလ ၃၀ ရက်နေ့ လာမည့်တနင်္လာနေ့မှစတင်ကာ မြ၀တီမှမဲဆောက်ဘက်သို့ သွားလာခွင့် ပိတ်ပင်လိုက်သည်ဟု သိရှိရသည်။

အထက်အမိန့်အရ ဒေသအာဏာပိုင်များက အဆိုပါအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု အကြောင်းကြားခြင်းခံရသည့် အဖွဲ့အစည်းတခု၏ တာဝန်ရှိသူတဦးက ပြောဆိုသည်။

လိုင်စင်မရှိသောမော်တော်ယာဉ်များအပါအ၀င် မည်သည့်အဖွဲ့အစည်းကဖြစ်စေ ထိုင်းဘက်ခြမ်း မဲဆောက်ဘက်သို့ လုံးဝသွားခွင့်မပြု တော့သည့်ကို မဲဆောက်သို့တရားဝင်ပြေးဆွဲနေကြသည့် ခရီးသည်တင်ယာဉ်လိုင်းမှ ကားသမားများက ကြို ဆိုလိုက်ကြသည်။

ရွှေမြန်မာယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက " ကြိုဆိုတယ်ဗျာ ကျနော်တို့ခရီးသည်တင်ကားတွေက အစီးရေ ၁၀၀ လောက်ရှိတယ် ၀စ်သောက်ဒဏ်ကိုခံနေရတာလိမ့်နေတာဘဲ ဒီသတင်းကြားရတာဝမ်းသာတယ်ဗျာ " ဟု ပြောဆိုသည်။

မြ၀တီမြို့ ခံ လိုင်စင်မဲ့ယာဉ်အသုံးပြုနေသူတဦးက " အနေအထားတခုအရသုံးနေရတာပါ လိုင်းကားရှိတာကတော့ဟုတ်ပါတယ် ထင်သလိုတော့ခရီးမပေါက်ဘူးလေ ကချင်ပြည်နယ်အစိုးရလွှတ်တော်မှာ လိုင်စင်မဲ့ကားတွေ ပြည်နယ်လိုင်စင်ရရှိရေး ဆွေးနွေးနေကြသလို ကရင်ပြည်နယ်အစိုးရ လွှတ်တော်မှာလည်း ဆွေးနွေးပေးစေချင်တယ်ဗျာ ပြည်နယ်အစိုးရဆိုတာက ကျနော်တို့ရဲ့ မိဘတွေပါဘဲ အားကိုးပါတယ် " ဟု ဆိုသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
https://www.facebook.com/knm.karen/

Post a Comment

0 Comments

Close Menu