Ad Code

Responsive Advertisement

နိုင်ငံတော်တာဝန်ရှိသူအားလုံးနင့် လွတ်တော်များကအမတ်ဆိုတဲ့ လူတွေသိစေချင်လို့ ဒီစာလေးကိုဆုံးအောင်ဖတ်ပြီးလည်း ရှယ်ပေးကြပါ



နိုင်ငံတော်တာဝန်ရှိသူအားလုံးနင့်
လွတ်တော်များကအမတ်ဆိုတဲ့ လူတွေသိစေချင်လို့
ဒီစာလေးကိုဆုံးအောင်ဖတ်ပြီးလည်း ရှယ်ပေးကြပါ
=====================

အားကိုတကြီးနဲ့ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးဆီ
ရောက်ခဲ့တယ်။ လူနာကအရေးကြီးတယ်တဲ့။
သူတို့ပါးစပ်ကပြောထွက်တာပါ။

ဒါဆို ပါရဂူတို့ သမားတော်တို့ ဆိုတာတွေက
ဘာလို့တချက်လေးလာမကြည့်တာလဲ။
ကိုယ်ပိုင်ဆေးရုံးတွေမှာ အချိန်ဖြုန်းနေမှန်းသိပါတယ် ။
ဒါပေမဲ့ ကျုပ်တို့ကတောသားဗျ ။

ဆေးရုံအမည်ခံပြီး ဇိမ်ခံနေဖို့ ငွေကြေးပေါနေတဲ့ ခရိုနီတွေ မဟုက်ဘူး။
နောက်ပြီးအရေးကြီးလူနာကို သက်ဆိုင်ရာ
သွေးဌာနကို ပို့လိုက်ပါ လို့ပြောတာကို
ဘာလို့ nurse တွေကအရေးမလုပ်တာလဲ။
သူတို့ပြောတာက ၁ နာရီကတည်းကလေ
ကျုပ်တို့စောင့်နေတာ ညနေ ၄ နာရီထိုးနေပြီ။

၎ နာရီလဲထိုးရော သွေးဌာနက ပိတ်ပြီတဲ့။
ဟင် ဒါဆို ကျုပ်တို့က လူနာဖောက်နေတာကို
ဒီအတိုင်းလက်ပိုက်ကြည့်နေရမှာပေါ့။
ဒီမယ် ကျုပ်တို့က ရောဂါသက်သာစေချင်လို့
ဟိုးအဝေးကြီကနေ လာတာဗျ။

ခင်းဗျားတို့အချိန်ဖြုန်းနေတာကို
လာကြည့်ဖို့မဟုက်ဘူး။
အရေးကြီးလူနာကို junior 
ဆရာဝန် တွေကုနေတာ
လာကြည့်ဖို့မဟုက်ဘူး။
ဒီလို့နဲ့ ပါရဂူ သမားတော် အမည်ခံ
ခရိုနီ စိတ်ဓာတ်နဲ့ ဆရာဝန်တွေရဲ့ 
ငွေ မက်မောမှု၊ nurse တွေရဲ့ 
အချိန်မလေးစားမှု နဲ့ အတူ
ကျွန်တော်တို့ရွာရဲ့ ဆည်းလည်းလေးတလုံး
English major ရဲ final ကျောင်းသူလေးတယောက်ရဲ့
အသက်စတေးပေးခဲ့ရတယ်။

ဘယ်သူမဆိုး အလောင်းကိုတော့ ကိုယ့်ရွာပြန်သယ်ချင်ကြတာပဲ။
ဒီအတိုင်းအလောင်းကိုသယ်လို့မရဘူးတဲ့။
သယ်ချင်ရင် ဆရာဝန်ကြီးနဲ့ ညှိပါတဲ့။မနက်မှဆိုပဲ။

ခုမှ နာကြပ်တခါလာမထောက်ဘူးတဲ့ ဘယ်ဆီသေနေမှန်းမသိတဲ့
ခရိုနီ ကြီးဆီက ပါမစ် တောင်းခိုင်းနေတယ်။ 
ကျုပ်တို့ကအညာပြန်ရမှာဗျ။ ဆုံးသွားတဲ့လူနာကို တညလုံးလက်ပိုက်ကြည့်နေအောင် ကျုပ်တို့ အသဲမမာသေးဘူး။ ခုချက်ချင်းသယ်ချင်ရင် မျှော်လင့်မရှိလို့လက်လျှော့တယ်ဆိုပြီ လက်မှတ်ထိုးပါတဲ့။

တောက်! ရင်နာဖို့ကောင်းလိုက်လိုက်တာ။
ဒီလိုနဲ့ စိတ်မပါတဲ့လက်တချောင်းနဲ့
သူတို့အသက်ဖို့ ကျုပ်တို့ လက်မှတ်ထိုးခဲ့ရတယ်။

ပါရဂူ သမားတော် အမည်ခံ ကိုယ်ပိုင် ဆေးရုံတွေမှာ 
အချိန်ဖြုန်းနေတဲ့ ခရိုနီ စိတ်ဓာတ်ပိုင်ရှင်တွေ
အမြန်ကျရှုံးပါစေ။
အချိန်မလေးစားတဲ့ nurse တွေ အမြန်ကျရှုံးပါစေ။
မသန္တာမိုးလဲ ကောင်းရာသုကတိလားပါစေ။

Credit : Romeo Nanda



Post a Comment

0 Comments

Close Menu