စိတ်ရှုပ် ၊ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ပီကေဝါးတာက အကောင်းဆုံးနည်းလမ်းဖြစ်
သင့်အနေနဲ့ စိတ်ဓာတ်ကျ ၊ စိတ်ရှုပ်နေတဲ့အချိန်မှာ ပီကေဝါးလိုက်တာက စိတ်ကို ပြန်လည်တည်ငြိမ်စေပြီး အကောင်းဆုံးဆိုတဲ့ အဖြေကို ရှာတွေ့နိုင်မှာဖြစ်တယ်လို့ သုတေသနပြုလုပ်မှုတွေအရသိရပါတယ်။ ဒါ့ကြောင့် စိတ်တည်ငြိမ်မှုရှိစေဖို့အတွက် မန်ယူနည်းပြဟောင်း ဖာဂူဆန်တစ်ယောက် ပီကေဝါးပြီး ဘောလုံးပွဲတွေကို ကိုင်တွယ်ခဲ့တဲ့ ပုံပါပဲ။ ဥပမာပေးကြည့်တာပါ။ ကဲ ...ပီကေဝါးတာက စိတ်နဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတာ တစ်ချက်လောက်ဖတ်ကြည့်ရအောင်….
သင့်စိတ်ရဲ့ စိုးရိမ်ပူပန်မှုအဆင့်ကို လျှော့ချပေးနိုင်ပါတယ်နှစ်ပတ်ကြာတစ်ခါလောက် ပီကေဝါးပေးတာက တကယ်ပဲ စိတ်ကို အေးချမ်းစေပြီး စိုးရိမ်စိတ်ဖြစ်တာတွေ ၊ ပူပန်မှုတွေကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ စိတ်ပူပန်မှုညွှန်းကိန်းကတော့ အခုလို ပီကေဝါးတဲ့အချိန်မှာ ရုတ်တရက်ထိုးကျသွားတာကိုလည်း တွေ့ရပါတယ်။
စိတ်ပါဝင်စားမှုကို မြင့်တက်စေတယ်ပီကေဝါးနေချိန်မှာ သွေးလှည့်ပတ်မှုနဲ့ တံတွေးထုတ်လုပ်မှုတွေက ပိုပြီး မြန်မြန်ဆန်ဆန်လည်ပတ်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် အနံ့နဲ့အရသာကို တစ်ပြိုင်တည်းခံစားရတာက အာရုံကြောတွေကို ပိုမိုကောင်းမွန်စေပြီး သင့်ရဲ့ အလုပ်ပေါ်မှာ စိတ်ပါဝင်စားမှုကို မြင့်တက်စေတယ်လို့ သိရပါတယ်။
ကော်တီဆောလ် ဟော်မုန်းကို လျှော့ချပေးတယ်ပီကေဝါးတာက ကော်တီဆောလ် ဟော်မုန်းထွက်ရှိမှုကို လျှော့ချပေးပါတယ်တဲ့။ ဒီရဲ့ ကော်တီဆောလ်ဟော်မုန်းဟာ စိတ်ဖိအားတွေကို ဖြစ်ပေါ်စေတဲ့ အဓိက ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဒီဟော်မုန်းကို လျှော့ချပေးနိုင်တာက စိတ်ဖိအားတွေကိုလည်း အချိုးတူလျှော့ချပေးနိုင်တာဖြစ်ပါတယ်။
ဦးနှောက်တွင်းသွေးလှည့်ပတ်မှုကောင်းစေတယ်ဦးနှောက်ရဲ့ အဓိက အစိတ်အပိုင်းရှစ်ခုကို သင်ပီကေဝါးနေချိန်မှာ သွေးတွေပိုရောက်ပြီး သွေးလှည့်ပတ်မှုလည်း ပိုကောင်းနေမှာပါ။ ဒီလိုသွေးလှည့်ပတ်မှုကောင်းတာကတော့ ပီကေကို ကြိတ်ဝါးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်စေပြီး အာရုံစူးစိုက်မှုပိုကောင်းစေတယ်လေ့လာမှုတွေအရတော့ ပီကေဝါးသူတွေဟာ အာရုံစူးစိုက်မှုပိုကောင်းပြီး မှတ်မိနိုင်စွမ်းမှာလည်း သာမန်လူတွေထက် ၁၀% အထိ တိုးမြင့်နေပါတယ်တဲ့။( Paing A K )#သစ်ထူးလွင်(ကျန်းမာရေး)#health.thithtoolwin.comRef : LifeHack
http://health.thithtoolwin.com/2016/05/blog-post_24.html
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji