Ad Code

Responsive Advertisement

မဲဆောက်အကျဉ်းထောင်မှ မြန်မာနိုင်ငံသား အကျဉ်းသားတဦး ထောင်အရာရှိကိုရိုက်နှက် ထွက်ပြေး


မဲဆောက်အကျဉ်းထောင်မှ မြန်မာနိုင်ငံသား အကျဉ်းသားတဦး
ထောင်အရာရှိကိုရိုက်နှက် ထွက်ပြေး
14May 2016
ထိုင်းနိုင်ငံ တပ်ခရိုင် မဲဆောက်မြို့ ရှိ အကျဉ်းထောင်အတွင်းမှ ထောင်(၁၀)နှစ်
ကျခံနေရသူ ကရင်တိုင်ရင်းသား ကျော်မြင့်
အသက်( ၃၁)နှစ်ကဒီနေ့မေလ ၁၄ရက်နေ့ မနက်ပိုင်းမှာ ထာင်မှူး Wan Chai Mongkol ၀မ်ချိုင်း မွန်ကွန် အသက် (၄၂)နှစ် ရဲ့ ဦးခါင်းကို တူနဲ့  ရိုက်နှက်ကာ ထွက်ပြေးဖို့ ထောင်တံတိုင်းကြီးကိုကျော်တက်နေစဉ်မှာ ထောင်အရာရှိ တွေက ပြန်လည်ဖမ်းဆီးရမိသွားခဲ့ပါတယ်။
ခေါင်းရိုက်ခွဲခံရတဲ့ထိုင်းထောင်မှူးကိုတော့ ဒဏ်ရာပြင်းထန်ရသွားခဲ့ပြီး မဲဆောက် ဆေးရုံကြီးကို ပို့ ဆောင် ကုသနေစဉ်မှာသေဆုံးသွားခဲ့ပါတယ်။
အကျဉ်းသား ကျော်မြင့်ဟာ သေစေအောင်ကြံစည်မှု၊ လက်နက်ဓားစတဲ့ ပစ္စည်းတွေ လက်ဝယ်ကိုင်ဆောင်ထားမှုနဲ့  ထောင်ဒဏ် ၁၀နှစ် ကျော်ကျခံနေရသူဖြစ်ပါတယ်။
အခင်းဖြစ်ပွားခဲ့ပြီးတဲ့နောက်ထောင်တာဝန်ရှိများက ထောင်စည်းကမ်းကို ပိုမိုတင်းကြပ်အောင်စီစဉ်ဆောင်ရွက်သွားမယ်လို့  ထောင်အာဏာပိုင်တွေ
ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
တရားခံ အကျဉ်းသား ကျော်မြင့် ဟာ တာဝန်ကျ ထောင်အရာရှိကို သတ်မှုမှာ အပြစ် ထင်ရှားနေတာဖြစ်တာငြောာင့် သေဒဏ် ကျခံရမှာဖြစ်ကြောင်း သိရပါတယ်။
SAW
Credit ; Manager on line



Post a Comment

0 Comments

Close Menu