Ad Code

Responsive Advertisement

ကျောက်ဖြူ မဒဲကျွန်းတွင် ဇနီးဖြစ်သူနှင့်စကားများရာမှ ကိုယ့်အိမ်ကိုယ်မီးရှို့မှု ဖြစ်ပွား


နိရဉ္စရာ၊ မေ ၅

ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းအုပ်စု၊ ရွာမရွာတွင် မေလ ၅ ရက် မွန်းတည့် ၁၂း၃၀ နာရီခန့်က ဇနီးဖြစ်သူနှင့် စကားများရာမှ ကိုယ့်နေအိမ်ကိုယ်မီးရှို့၍ နေအိမ်မီးလောင်သွားကြောင်း သတင်းရရှိသည်။

ဇနီးဖြစ်သူနှင့် စကားများပြီး ကိုယ့်အိမ်ကိုယ်မီးရှို့သူမှာ ဦးမှဲ့နီ အသက်(၆၄)နှစ်ဖြစ်ပြီး မီးရှို့ချိန်တွင် လင်ဖြစ်သူမှာ အရက်မူးနေကြောင်း သိရသည်။

၎င်းနေအိမ်သည် ဓနိမိုး၊ ဝါးကာ၊ ပျဉ်ခင်း နေအိမ်ဖြစ်ကြောင်းသိရသည်။

မီးရှို့မှုကြောင့် အလျား ၁၀ ပေ၊ အနံ၁၀ ရှိသော အိမ်မှာ မီးလောင်သွားကြောင်း ကျောက်ဖြူ မီးသတ်ဦးစီးဌာနမှ တာဝန်သူတစ်ဦးက နိရဉ္စရာသို့ အတည်ပြုပြောသည်။

ကျေးရွာသားများ ဝိုင်းဝန်းငြိမ်းသတ်၍ မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ကိုယ့်နေအိမ်ကို မီးရှို့သူ ဦးမှဲ့နီအား မဒဲကျွန်းရဲစခန်းတွင်ဖမ်းဆီး ထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါမီးရှို့မှုအား မဒဲကျွန်းနယ်မြေရဲစခန်း (ပ) ၈/၂၀၁၆/၄၃၆ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကျော်ဝင်း (ကျောက်ဖြူ)
Arakan State
https://www.facebook.com/NarinjaraNews
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu