Ad Code

Responsive Advertisement

ဝင်း နဲ့ ဇော် အတွက် အယူခံ လက်ခံ


ဝင်း နဲ့ ဇော် အတွက် အယူခံ လက်ခံ
ဝင်း နဲ့ ဇော် အတွက် အယူခံ တင်သွင်းလွှာကို ဒီကနေ့ နံနက်ပိုင်း ကော့စမွေ တရားရုံးမှာ ထိုင်းရှေ့နေများကောင်စီက တင်သွင်းခဲ့ရာမှာ တရားရုံးက လက်ခံကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
အယူခံတင်သွင်းရာမှာ မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့၊ ထိုင်းရှေ့နေများကောင်စီ၊ ပြည်ပမှ မှုခင်းပညာရှင်များရဲ့ အကြံပြုချက်တွေနဲ့ ထင်ရှားသော အယူခံအကြောင်းပြချက် (၁၅)ချက်ပေါ်မှာ အခြေခံပြီး ရေးသား ပြုစုထားတာ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ၁၉-၅-၂၀၁၆ ရက်နေ့ကမှ တင်သွင်းလွှာကို အချောသတ် ရေးသားပြုစုနိုင်ခဲ့တာ ဖြစ်ကြောင်း၊ အယူခံတင်သွင်းလွှာက စာမျက်နှာ (၂၀၀) လောက် ရှိကြောင်း သိရှိရပါတယ်။အယူခံ တင်သွင်းလွှာ လက်ခံပြီးတာနဲ့ ထိုင်းနိုင်ငံ ဥပဒေအရ အယူခံတရားရုံး ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
အယူခံတရားရုံး ဖွဲ့ပေးပြီးတာနဲ့ နှစ်ဘက်အယူခံ (တရားလို၊ တရားခံ)တွေကို တရားရုံးက ဆင့်ခေါ်မှာ ဖြစ်ပါတယ်။ အယူခံတရားရုံးဟာ ဥပဒေနဲ့အညီ တရားမျှတမှုကို ဆောင်ကြဉ်းနိုင်စေဖို့ မျှော်လင့်ထားပါတယ်။
တရားရုံးက အယူခံလက်ခံပြီးတဲ့နောက် ထိုင်းသတင်းတွေမှာတော့ အကျယ်တဝင့် ဖော်ပြလာခဲ့ကြပါတယ်။
သတင်း
ရဲမင်း
Credit to Ko Ye Min




Post a Comment

0 Comments

Close Menu