Ad Code

Responsive Advertisement

ကင်ဆာရောဂါတွေကြောင့် သေဆုံးမှုကို ကာကွယ်နိုင်ရန် အလေ့အထ ၄ခုကို ပြောင်းလဲသင့်



လေ့လာတွေ့ရှိချက် အသစ်တွေအရ ကင်ဆာရောဂါခံစားရဖို့အတွက် ကံတရားဟာလည်း အရေးပါတဲ့ ကဏ္ဍက ပါဝင်ကြောင်း တွေ့ရှိရပါသတဲ့။ 

လေ့လာချက်အသစ်အရ ဘ၀နေထိုင်မှု အလေ့အထတွေကို ပြောင်းလဲခြင်းဟာ မျိုးရိုးဗီဇကမောက်ကမဖြစ်ပွားမှုတွေအပေါ် အကျိုးသက်ရောက်မှုရှိပြီး ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်မသောက်ခြင်း၊ အရက်သေစာသောက်စားမှု လျှော့ချခြင်း၊ ကျန်းမာမှန်ကန်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းတွေဟာ ကင်ဆာကြောင့်သေဆုံးနိုင်မှုကို ထက်ဝက်လျှော့ချပေးနိုင်ကြောင်း Harvard University ရှိ သုတေသီတွေရဲ့ လေ့လာမှုစစ်တမ်းကြီး ၂ခုအရ သိရှိရပါတယ်။

ကင်ဆာရောဂါတွေရဲ့ သုံးပုံပုံ တစ်ပုံဟာ လူနေမှုဘ၀ပုံစံတွေကို ပြောင်းလဲလိုက်ခြင်းအားဖြင့် ကာကွယ်လျှော့ချပေးနိုင်မှာဖြစ်ပြီး ကျန်တာကတော့ ကံတရားပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။ မျိုးရိုးဗီဇအပေါ်မှာ ဒီလိုအလေ့အကျင့်တွေကြောင့် အကျိုးသက်ရောက်မှု ရှိပေမယ့် ကင်ဆာအများစုဟာ ဆဲလ်ပွားမှု ကစဉ့်ကလျားဖြစ်တာကြောင့် ကာကွယ်နိုင်ခြင်းမရှိလို့ ဖြစ်ပါတယ်။

 “ ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ တကယ်တော့ ကင်ဆာအများစုကို ကြိုတင်ကာကွယ်လို့ရပါတယ်။ ခန့်မှန်းချက်အရ ဆေးလိပ်သောက်သုံးခြင်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေဖြစ်တဲ့ အဆုတ်ကင်ဆာဟာ အများဆုံး ၈၀ မှ ၉၀ ရာခိုင်နှုန်းဖြစ်ပြီး ကျန်တဲ့ ဆီးကျိတ်ကင်ဆာတို့လို ဟာမျိုးတွေကတော့ လူနေမှုပုံစံအလေ့အထနဲ့ ဆက်နွယ်နေတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၆၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ “ လို့ St. Louis ရှိ Washington University School က သုတေသီတွေက JAMA Oncology မှာ အစီရင်ခံစာ ဆောင်းပါးအဖြစ် ရေးသားဖော်ပြထားပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI
http://health.thithtoolwin.com/2016/05/blog-post_44.html

Post a Comment

0 Comments

Close Menu