Ad Code

Responsive Advertisement

ဘန်ကောက်မှ ပြန်လာသော မြန်မာအလုပ်သမား ၁ ယောက်ကို ထိုင်းနိုင်ငံသား ၃ ယောက်မှ ဝိုင်ရိုက်

ဘန်ကောက်မှ ပြန်လာသော မြန်မာအလုပ်သမား ၁ ယောက်ကို ထိုင်းနိုင်ငံသား ၃ ယောက်မှ ဝိုင်ရိုက်
===========================================
၁၃-၅-၂၀၁၆ ရက်နေ့တွင်
မွန်ပြည်နယ် မုဒုံမြို့နယ် ဇာပတွန်း ကျေးရွာနေ ကိုလင်းထက်ဦး (၂၆) နှစ် ဘန်ကောက်မြို့ မှ မဲဆောက်မြို့သို့ စာရွက်စာတမ်းအပြည့်ဖြင့် ပြန်လာရာ မဲဆောက်မြို့သို့ရောက်ရှိချိန်တွင် ထိုင်းနိုင်ငံသား ကားသမား မှာ အခရထိုင်း Tour ကားဂိတ်ထဲသို့ခေါ်ဆောင်ပြီး ပုလိပ်ကြေး ဘတ် ၃၀၀၀ ကိုတောင်းယူရာ ကိုလင်းထက်ဦးမှ သူ့ထံတွင်ပိုက်ဆံမရှိကြောင်း မိမိသည်စာရွက်စာတမ်း အပြည့်ဖြင့်ပြန်လာခဲ့ပါကြောင်း ကားခ ဘတ် ၅၅၀ ကိုလဲ ဘန်ကောက်ကားဂိတ်တွင်ပေးအပ်ထားပါကြောင်း ပြန်လည် ရှင်းပြရာ နော
က်ထပ် ဘတ်၅၀၀ ပြန်တောင်းပါကြောင်း မိမိထံတွင် ဘတ် ၄၀၀ ပဲရှိပါကြောင်း မိမိရွာသို့ပြန်ရောက်မှ အမေ့ထံတောင်းပြီး ပိုပေးမည်ဖြင့်ပါကြောင်း ပြောကြားလိုက်ရာ ထိုင်းနိုင်ငံသား ၃ ယောက်မှ ဝင်ရောက်ရိုက်နှက်ရာ ကိုလင်းထက်ဦး တွင် ဘယ်ဘက်နံရိုး ၂ ချောင်းအပ်ကွဲ ပြီး ဘယ်လက်သန်းကွဲအပ် ဒဏ်ရာ နှင့် မျက်နှာ ကျောကုန်း နေရာစုံ ဒဏ်ရာများရရှိခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများဆိုင်ရာ ထိုင်းဥပဒေနှင့်အညီ လူမှုကူညီရေးအထွေထွေ ကိုသားကြီးမှ မဲဆောက်ရဲစခန်းသို့ ကိုယ်တိုင်သွားရောက် အမှုဖွင့်ပေးခြင်း၊ မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးစစ်ပြီးကုသမှုများအတွက် လိုက်လံကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ကိုရှည်ကြီး (မဲဆောက်)
..
နေရပ်ပြန်မြန်မာအလုပ်သမားများ မယ်ဆောက်မြို့တွင်
အခက်ခဲတစုံတရာရောက်ရှိပါ အောက်ပါဖုန်းနံပါတ်သို့
ဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်..
ကိုသားကြီး.......
Ph - 09-780043277
080-4913729
089-5315162
Credit to https://www.facebook.com/sawmgmm/

  

Post a Comment

0 Comments

Close Menu