Ad Code

Responsive Advertisement

ကျိုင်းတုံ၌ အမျိုးသား တစ်ဦး မိမိကိုယ်ကိုယ် လည်လှီး၍ သေကြောင်းကြံစည်

ဓာတ်ပုံ။ ။ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေး အသင်း
ကျိုင်းတုံ၊ မေလ(၁၆)

ကျိုင်းတုံမြို့ မြို့မအားကစားကွင်း၏ သက်သာဈေးဆိုင်ခန်းရှိ မေမြို့ဦး ဆံသဆိုင်တွင် အမျိုးသားတစ်ဦး စိတ်ဖောက်ပြန်ကာ မိမိလည်ပင်းကို မိမိကိုယ်တိုင် ဓားဖြင့် လှီးဖြတ်၍ သေကြောင်းကြံစည်မှုတစ်ခု ယနေ့ မေလ(၁၆)ရက်နေ့ ညနေ(၄)နာရီ(၄၅)မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

မိမိလည်ပင်းကို ဓားဖြင့်လှီး၍ သေကြောင်းကြံစည်သူမှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်တွင် နေထိုင်သူ အောင်နိုင်သူဖြစ်ပြီး အရိုးအသွား (၁၀)လက်မခန့်ရှိသော စတီးဓားဖြင့် လှီးဖြတ်ခဲ့ခြင်းဖြစ်ရာ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေး အသင်းမှ ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးထားပြီး သေကြောင်းကြံသူမှာ စိုးရိမ်ရကာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သူ အောင်နိုင်သူအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၉၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း။ ။ ‪ဇင်အောင်‬
Tachileik News Agency
http://www.tachileik.net
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu