Ad Code

Responsive Advertisement

ရွာအဝင်ဆိုင်းဘုတ်ရှိ ‘ပြည်ခိုင်ဖြိုးရွာ’စာသားကို ရွာသားများ စုပေါင်းဖယ်ရှား

ဖယ်ရှားခံရသည့် ပြည်ခိုင်ဖြိုးရွာ ဆိုင်းဘုတ် (ဓာတ်ပုံ - Htun Lin Media - Taungtha)
ဦးအောင်သောင်း၏ ဇာတိ တောင်သာမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးရွာဆိုင်းဘုတ်မှ ‘ပြည်ခိုင်ဖြိုးရွာ’ဟူသောစာသားကို ဒေသခံများက ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။

တောင်သာမြို့နယ် ရုံးစည်ကြီး ရွာထိပ်ကျောက်စာတိုင်ရှိ ပြည်ခိုင်ဖြိုးရွာဟူသော စာသားကို ဖယ်ရှားကာ မူလရွာအမည် ရုံးစည်ကြီးကျေးရွာဟု ပြန်သတ်မှတ်ရန် ဒေသခံအများစုက စီစဉ်ခြင်းဖြစ်ကြောင်း တောင်သာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောသည်။ ကျောက်စာတိုင် ဆိုင်းဘုတ်ကို ပြည်ခိုင်ဖြိုးပါတီ အသင်းအဖြစ် ရှိစဉ် ၁၉၉၅ ခုနှစ်က စိုက်ထူ ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအမည်ကို မရေးဘဲ ပြည်ခိုင်ဖြိုးဟု ရေးကာ ယင်းစာသားအောက်၌ ရုံးစည်ကြီးဟု ရေးသားထားခဲ့ကြောင်း ဦးစိန် ဝင်းက ပြောသည်။
‘‘ဆိုင်းဘုတ်တည်တုန်းက အဲဒီဆိုင်းဘုတ်ကျောက်တိုင်ကို တစ်အိမ်ကို ကျပ် ၅၀၀ နှုန်းနဲ့ ကောက်ပြီးတော့တည်ခဲ့တာ။ သူတို့ပါတီ အပိုင်မဟုတ်ဘူး။ ပြည် သူ့ဆီကနေကောက်ခံပြီး တည်တဲ့ဥစ္စာ။ အခုပြည်သူ့ဆန္ဒအရ မလိုလားတော့လို့ ပြည်သူကပဲပြောင်းရေးတဲ့သဘောပေါ့’’ဟု ဦးစိန်ဝင်းက ပြောသည်။
ပြည်ခိုင်ဖြိုးရွာဟူသော စာသားကို ဒေသခံအချို့က မေလ၁၃ ရက်က ဖယ်ရှားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦး က လာရောက်တားဆီးခဲ့၍ ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေး မှူးက ကြားဝင်ဖြေရှင်းပေးခဲ့ရ ကြောင်း တောင်သာမြို့ရဲစခန်းမှူး ဒုတိယရဲမှူးလှဖုန်းက ပြောသည်။
‘‘ပြည်ခိုင်ဖြိုးရွာဆိုတာကို ဖျက်တာပါ။ ဆိုင်းဘုတ်ကိုဖျက်တာမဟုတ်ဘူး။ ခွင့်ပြုချက်တင် ပြီး ဖျက်ပါလို့ လာပြောတာ။ ကျွန်တော်တို့ကတော့ နှစ်ဖက်ကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျွန် တော်တို့ရဲ့တပ်ဖွဲ့ကနေ ပြဿနာ မဖြစ်အောင် ထိန်းပေးလိုက်တာ။ ဒါပါပဲ။ ကြီးကြီးမားမား မဖြစ်ပါ ဘူး’’ဟု ပြောသည်။
တောင်သာမြို့သည် ကွယ် လွန်သွားပြီဖြစ်သော ပြည်ခိုင်ဖြိုး ပါတီအတိုင်ပင်ခံ ဦးအောင် သောင်း၏ ဇာတိဖြစ်ပြီး ပြည်ခိုင် ဖြိုးပါတီက ၎င်းတို့၏ အမာခံ နယ်မြေတစ်ခုအဖြစ် သတ်မှတ် ထားခဲ့သည်။ တောင်သာမြို့နယ် တွင် ကျေးရွာပေါင်း ၂၄၉ ရွာရှိ ကာ ကျေးရွာတိုင်းလိုလို၌ ပြည်ခိုင်ဖြိုးရွာဟု ဆိုင်းဘုတ်စိုက် ထူခဲ့ကြောင်း ဒေသခံအရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲ တွင် ဒီချုပ်ပါတီက မဲဆန္ဒနယ် အားလုံး အနိုင်ရခဲ့ပြီး ရုံးစည်ကြီး ကျေးရွာ၌လည်း မဲရုံ ၁၀ ရုံရှိ သည့်အနက် ပြည်ခိုင်ဖြိုးပါတီက ကိုးရုံရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိ သည်။
တောင်သာမြို့နယ် ဒေသခံ တစ်ဦးက ‘‘ဦးအောင်သောင်းရဲ့ အရှိန်ပေါ့ဗျာ။ ဦးအောင်သောင်း က တိုင်းတာဝန်ခံလုပ်တဲ့အခါမှာ ဒီတိုင်းတစ်တိုင်းလုံး ပြည်ခိုင်ဖြိုး ချည်းဆိုတဲ့ပုံစံနဲ့ လူကြီးတွေကို မျက်နှာအားရ လုပ်ခဲ့ချင်တာ လေ။ အရင်ကတော့ အဲဒီလို မဟုတ်ပါဘူး။ ကျောက်တိုင်က တော့ ဒီအတိုင်းက ဒီအတိုင်းပဲ။ စာလုံးတွေဖျက်ချလိုက်ပြီး မူလပင်ကို စာသားဖြစ်တဲ့နှစ်ပေါင်း များစွာ တည်ခဲ့တဲ့ ရုံးစည်ကြီး ကျေးရွာဆိုတဲ့ စာသားကိုပဲ ပြန် ရေးမှာ’’ဟု ပြောသည်။

Post a Comment

0 Comments

Close Menu