အချို့သော Laptop တွေမှာ ပါဝင်တဲ့ Optical Drive တွေဟာ Laptop ရဲ့ ဘေးဘောင်ဘက်မှာ ထည့်သွင်းထားတဲ့အတွက် Drive ကို အဖွင့်အပိတ် ပြုလုပ်လိုတဲ့ အခါမျိုးမှာ ဘေးဘက်ကို လက်နဲ့စမ်းပြီး ခလုတ်ကို ရှာဖွေရတာ မလွယ်လှပါဘူး။ ဒီနည်းလမ်းကို ဖြေရှင်းနိုင်ဖို့အတွက် DVD Drive တွေကို Shortcut နဲ့ ဖွင့်နိုင်ဖို့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
DVD Drive တွေကို Shortcut နဲ့ ဖွင့်နိုင်ဖို့အတွက် Door Control ဆိုတဲ့ဆော့ဖ်ဝဲ လိုအပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ ဖိုင်အရွယ်အစားက သေးငယ်ပြီး 605kb လောက်သာရှိမှာ ဖြစ်ပါတယ်။ Door Control ဆိုတဲ့ ဆော့ဖ်ဝဲကို download ပြုလုပ်ဖို့အတွက် https://goo.gl/tgYqMM ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ download ပြုလုပ်နိုင်ပါတယ်။ အဆိုပါဖိုင်ကို download ပြုလုပ်လိုက်ပါ။
Download ပြုလုပ်ပြီး သွားပြီဆိုရင် Install ပြုလုပ်ရပါမယ်။ Install ပြုလုပ်တဲ့အဆင့် ပြီးသွားပြီဆိုရင် Launch door control ဆိုတဲ့ နေရာမှာ အမှန်ခြစ်ထည့်သွင်းပြီး Finish ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ Door Control ကို Taskbar မှာရှိတဲ့ System tray ထဲမှာ Eject icon လေးနဲ့ တွေ့မြင်ရပါမယ်။ အဆိုပါ icon လေးကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ DVD Drive ကို tooltip display နဲ့ ပြသပေးပါမယ်။ အောက်ခြေ Shortcut မှာတော့ ဘာမှ မပေးထားရသေးတဲ့အတွက် None လို့ပြနေပါလိမ့်မယ်။
နောက်တစ်ဆင့်ကတော့ Hot key သတ်မှတ်မှာ ဖြစ်တဲ့အတွက် အဆိုပါ Door Control icon ကို Right-click ပြုလုပ်လိုက်ပါ။ Right-click နှိပ်ပြီးသွားရင် Hot Key ဆိုတာကို ရွေးပေးရပါမယ်။ Hot Key ကို ရွေးပေးပြီးရင် မိမိနှစ်သက်ရာ key ကို သတ်မှတ်နိုင်ပါတယ်။ ဥပမာ DVD Drive ကို ဖွင့် ခိုင်းတဲ့ Shortcut keyကို Alt + A လို့သတ်မှတ် ပေးထားချင်တယ်ဆိုရင် Alt + A လို့သတ်မှတ်ပေးထား နိုင်ပါတယ်။
အဆိုပါ Door Control ကို ကွန်ပျူတာ စဖွင့်တဲ့ အချိန်ကတည်းက run နေစေချင်တယ် ဆိုရင်တော့ Right-click နှိပ်ပြီး Load Door Control at Startup ဆိုတာကို ရွေးချယ်ပြီး အမှန်ခြစ်လေးဖြစ်အောင် ထားပေးရပါမယ်။ ဒါမှသာ ကွန်ပျူတာ စတင်ဖွင့်လိုက်တာနဲ့ Door Control software ဟာ တစ်ခါတည်း အလုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Credit: ကိုသီဟ
Internet Journal
ဇူးနစ်(နည်းပညာ)
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji