Ad Code

Responsive Advertisement

English conversations for restaurant staff (1)




စားသောက်ဆိုင်သုံး အင်္ဂလိပ်စကားပြောများ (၁)

တောင်းဆိုမှုအရ စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ စကားပြောလေးတွေ ကြိုးကြား ကြိုးကြား ..ကြားညှပ်ပြီး တင်ပေးလိုက်ပါတယ် ..

BOOKING (ကြိုတင်စာရင်းသွင်းခြင်း)

What the customer says:
ဖေါက်သည်က ဒီလိုပြောမယ်
.
(1) “I like to make a reservation for two people at 1 p.m.”
နေ့လည်(၁)နာရီမှာ (စားဖို့) လူနှစ်ယောက်စာအတွက် နေရာသီးသန့်ချန်ထားဖို့ မှာကြားချင်ပါတယ်
(reservation (n) သီးသန့်ချန်ထားသောနေရာ)
(2) "I booked a table for two.”
ကျနော်က နှစ်ယောက်စာအတွက် စားပွဲတစ်ခု စာရင်းပေးမှာကြားထားခဲ့ပါတယ်
(book (v) စာရင်းသွင်းသည် )
(3) "It's under the name of Mr.Win"
အဲဒါက Mr.Win ဆိုတဲ့ နာမည်နဲ့ပါ
(4) “Do you have a table for two?”
လူနှစ်ယောက်စာ စားပွဲ(နေရာလွတ်)တစ်ခု ရှိပါသလား
(5) "A table for two please."
ကျေးဇူးပြု၍ လူနှစ်ယောက်စာ စားပွဲနေရာတစ်ခုပေးပါ
(6) “ How long will we have to wait?”
ကျနော်တို့ ဘယ်နှစ်နာရီကြာအောင် စောင့်ရမှာပါလဲ
(7) “I booked a table around two on the phone.”
ကျနော် နှစ်နာရီဝန်းကျင်လောက်က တယ်လီဖုန်းကနေ စားပွဲနေရာတစ်ခုကို ကြိုတင်စာရင်းပေးထားခဲ့ပါတယ်
…………………………………….
What the restaurant staff say:
စားသောက်ဆိုင်ဝန်ထမ်းက ဒီလိုပြောမယ်
………………………………………..
(8) “Do you have a reservation?”
နေရာ သီးသန့်ချန်ထားဖို့ မှာကြားထားတာ ရှိပါသလား
(9) “Are you with someone?
တခြားတစ်ယောက်ယောက်ပါသေးသလား
(10) "Welcome Sir. Please come this way."
ကြိုဆိုပါတယ်ဆရာ ၊ ဒီဖက်ကိုကြွပါ
(11) "Your table isn't ready yet."
ခင်ဗျားရဲ့ စားပွဲက အခုထိ အဆင်သင့် မဖြစ်သေးပါဘူး
(12) "Would you like to wait in the bar?"
ဘားခန်းမှာ စောင့်ပေးပါလား
(13) “ We're fully booked at the moment. Could you come back a bit later?"
လောလောဆယ် ကျနော်တို့မှာ စာရင်းပေးမှာကြားထားတာတွေ ပြည့်နေပါတယ် ၊ နောက်ခဏနေလျင် ပြန်လာပါလား
(14) “ I’m afraid there’s nothing available right now?”
အားနားပါတယ် ၊ အခုချက်ခြင်း (စားပွဲလွတ်) အဆင်သင့် ဖြစ်နိုင်တာ မရှိသေးပါဘူး
(15) “All seats are currently taken.”
လောလောဆယ်မှာ ထိုင်ခုံတွေအားလုံးက လူပြည့်နေပါပြီ
(16) “Please have a seat here while you wait.”
ကျေးဇူးပြု၍ .. စောင့်နေတုန်း ဒီမှာထိုင်ပါ
…………………………………..
ဆုကြေးငွေ များများရကြပါစေ.
.
မေတ္တာဖြင့် 


ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/
heart emoticon

Post a Comment

0 Comments

Close Menu