……………………………..
If there are problems with the order, the waiter can say:
မှာကြားထားတာနဲ့ ပတ်သက်ပြီး ပြဿနာများရှိလျင် စားပွဲထိုးက (ဒီလို) ပြောနိုင်ပါတယ်
………………………………
(37) I don't think we have any more … (lobster) left. I'll check with the kitchen.
ကျနော်တို့မှာ ပုစွန်တုပ်ကြီး ကျန်သေးတယ်လို့ ကျနော်မထင်ပါဘူး ၊ မီးဖိုဆောင်နဲ့ စစ်ကြည့်လိုက်ပါဦးမယ် ။
(မှာတာကို မရတော့ဘူးလို့ ထင်တဲ့အခါ ပြောနိုင်ပါတယ်)
.
(38) I'm sorry, but the ..(prawn soup) is finished.
စိတ်မကောင်းပါဘူးခင်ဗျာ ၊ ပုစွန်စွပ်ပြုတ် က ကုန်သွားပါပြီ
……………………………..
DEALING WITH PROBLEMS
ပြဿနာများကို ဖြေရှင်းခြင်း
………………………………….
The customer can say:
ဖေါက်သည်က (ဒီလို)ပြောလာနိုင်ပါတယ်
…………………………………
(39) I didn’t get my order yet.
ကျနော်မှာထားတာ ခုထိမရသေးပါဘူး
(40) Excuse me, but I didn't order this.
တဆိတ်လောက်ခင်ဗျာ ၊ ကျနော်ဒါကိုမမှာကြားခဲ့ပါဘူး
(41) Excuse me, but this isn’t what we ordered.
တဆိတ်လောက်ခင်ဗျာ ၊ ကျနော်တို့မှာကြားခဲ့တာက ဒီဟာ မဟုတ်ပါဘူး
(42) I'm sorry, but this is cold. Could you warm it up?
စိတ်မကောင်းပါဘူးဗျာ ၊ ဒီဟာက အေးနေပါတယ် ၊ နွှေးပေးပါလား
(43) Can I change my order please?
ကျနော် မှာထားတာကို ပြောင်းပြီးမှာလို့ ရနိုင်မလားဗျာ
(44) Can you clear the table?
စားပွဲကို ရှင်းလင်းပေးပါလား
(45) I dropped my fork. Could you bring me another one?
ကျနော့်ခက်ရင်းကျသွားခဲ့ပါတယ် ၊ နောက်တစ်ခု ယူလာပေးပါလား
………………………
The waiter can say:
စားပွဲထိုးက (ဒီလို) ပြောနိုင်ပါတယ်
…………………………
(46) I'm sorry about that.
အဲဒီအတွက် ကျနော်စိတ်မကောင်းပါဘူး
(နောက်ကနေ ပြောချင်တဲ့ဝါကျ ဆက်ပြောလို့ရပါတယ် ..
ဥပမာ : We don’t sell alcohol here because we are next to monastery. စသည်ဖြင့်)
(47) Let me change it for you.
ကျနော်လဲလှယ်ပေးပါရစေ
(48) Oh, I am sorry. I ‘ll change it for you straight away.
အိုး စိတ်မကောင်းပါဘူးခင်ဗျာ ၊ ကျနော် အခုချက်ချင်းပဲ လဲလှယ်ပေးပါမယ်
(49) What would you like instead?
အစားထိုး အနေနဲ့ ဘာများ ကြိုက်နှစ်သက်ပါသလဲ ..
(မူလမှာထားတာကို ပြောင်းချင်တဲ့သူအတွက် ပြောဖို့ပါ)
………………………….
GETTING THE BILL
…………………………..
(50) ဖေါက်သည်က ငွေရှင်းချင်တဲ့အခါ ဒီလိုမျိုး တစ်ခုခု ပြောပါလိမ့်မယ်
Can we have the bill please?
Could I have the check please?
Could we get the bill?
I am ready to pay the bill.
Could we pay please?
Waiter, bill please?
.
("bill" in British English; "check" in American English.)
………………………….
The waiter or waitress will reply:
............................
(51) “Yes, I will go and get it for you"
ဟုတ်ကဲ့ ကျနော် ခင်ဗျားအတွက် သွားယူပေးပါမယ်
...............
မေတ္တာဖြင့်
ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji