Ad Code

Responsive Advertisement

English Speaking - Job Expression (6)


သင့်တော်သလို ပုံစံတူပြု ဖြတ်ညှပ်ကပ် လုပ်ပြီး သုံးနိုင်ဖို့ နမူနာဝါကျများ တင်ဆက်လိုက်ပါတယ် ၊ ပထမဆုံး အလုပ်ရဖို့က အရေးကြီးပါတယ် ၊ ပြီးရင်ကြိုးစားပြီး အလုပ်မှာ ကျွမ်းကျင်အောင်လေ့လာပါ ၊ ကြိုးစားချင်စိတ် ရှိတယ်ဆိုရင် အလုပ်တော်တော်များများက လိုက်မှီသွားတာများပါတယ် ၊ အလုပ်ရပြီးသွားလို့ ဆက်မလေ့လာတဲ့သူတွေက အဲဒီနေရာမှာပဲ ရပ်နေတာ့မှာပါ ၊ သေချာတာက ကြိုးစားတဲ့သူ ပိုပြီးတော်လာတဲ့သူတွေဟာ သာမန်လူ အများထက် သိသိသာသာ ချွန်ပြီး ထွက်လာတတ်တာ သဘာဝပါ ၊ ကျနော်ပြောလို့ လွယ်လွယ်မယုံပါနဲ့ ကိုယ်တိုင်ပဲ စမ်းကြည့်လိုက်ကြပါလား ။
............................................
Unit (1) Introduction (မိတ်ဆက်ခြင်း)
======================
Interview အခန်းထဲကို ၀င်လျင်ဝင်ချင်း မိတ်ဆက်ဖို့ပါ ၊ လွယ်လွယ်ပဲ ဖြစ်မှာမို့ နည်းနည်းပဲ ရေးပါမယ်..
(51) Good morning, everybody. How are you today?
အားလုံးပဲ ကောင်းသော နံနက်ခင်းပါခင်ဗျာ ၊ ဒီကနေ့ နေကောင်းကြပါရဲ့လား ။
~~~~~~~~~~~~~~~~~~~~~ 
Unit (2) Self description ( ကိုယ့်အကြာင်းကို ပြောပြခြင်း)
==========================
(52) Can you tell me something about yourself?
ခင်ဗျားအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုခု ပြောပြနိုင်မလား
.
(52) So, tell me a little bit about yourself. (မေးတာပါပဲ ၊ informal သဘောပေါ့)
အဲဒါကြောင့် ခင်ဗျားနဲ့ ပတ်သက်ပြီး နည်းနည်း ပြောပြပါ ။
( So က စကားစပြောလို့ကောင်းအောင် ထည့်ထားတာဖြစ်စေ ၊ ရှေ့က မေးထားတာတွေနဲ့ ဆက်စပ် ပြောချင်လို့ ဖြစ်စေ ထည့်ထားတာပဲ ဖြစ်ပါတယ် ၊ အဓိက မကျပါဘူး ၊ မပါလည်းရပါတယ် )
.
(53) Well, My name is Brown. I’m 27 years old, and I’m single.
ကောင်းပါပြီ ၊ ကျနော့်နာမည်က Brown ပါ ၊ အသက်က ၂၇ နှစ် ဖြစ်ပြီး ၊ လူပျို ဖြစ်ပါတယ် ။
.
(54) Yes, I am Jolie. I’m married. I have three kids. One son and two daughters.
ဟုတ်ကဲ့ ကျမက အိမ်ထောင်ရှိပြီးပါပြီ ။ ကျမမှာ ကလေး သုံးယောက်ရှိပါတယ် ။ ယောက်ျားလေး တစ်ယောက်နဲ့ မိန်းကလေး နှစ်ယောက်ပါ ။
( Well တို့ yes တို့က အစချီပြီး ပြောကောင်းအောင် ထည့်ထားတာတွေပေါ့ )
………………………………………………………….
(55) Describe your personality to me.
ခင်ဗျားရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံဖေါ်ပြပါဦး
.
(56) Could you describe yourself briefly?
ခင်ဗျားကိုယ်ခင်ဗျား အကျဉ်းချုပ်ပြီး ဖေါ်ပြပေးနိုင်မလား 
.
(57) How would you like to describe yourself?
ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုပုံဖေါ်လိုပါသလဲ
(** ဒါတွေက ကျနော်တို့ဟာ ဘယ်လိုလူ အမျိုးအစားလဲဆိုတာ မေးတာဖြစ်ပါတယ် ၊ သေချာဖမ်းရမယ့် စကားလုံးတွေကတော့ describe နဲ့ yourself တို့ပါ)
.
(58) Well, I am a dedicated worker and a people person. I enjoy working as a team. I also like to be in contact with the public.
ကောင်းပါပြီ ၊ ကျနော်က (အလုပ်လုပ်ဖို့) နှစ်မြှုပ်ထားတဲ့ .. စိတ်ပိုင်းဖြတ်ထားတဲ့ လုပ်သားတစ်ယောက်ပါ ပြီးတော့ ပေါင်းသင်းဆက်ဆံ တတ်တဲ့ လူတစ်ယောက်ပါ ။ ကျနော်က အစုအဖွဲ့ team နဲ့ လုပ်ရတာကို ပျော်ရွှင်နှစ်သက်ပါတယ် ၊ လူအများနဲ့ ထိတွေ့ဆက်ဆံရတာကိုလည်း ကြိုက်ပါတယ် ။
( people person (n) = a person who enjoys at interacting with others )
.
(59) I am hard working, eager to learn. I enjoy working with other people and I love challenges.
ကျနော်က အလုပ်ကြိုးစားပါတယ် ၊ သင်ယူဖို့ စိတ်အားထက်သန်ပါတယ် ။ အခြားသူတွေနဲ့အတူ အလုပ်လုပ်ရတာကို ပျော်ရွှင်ပါတယ် ပြီးတော့ စိန်ခေါ်မှုတွေကို နှစ်သက်ပါတယ် ။
.
(60) I love problem solving and challenging works. I enjoy working with PR and customer services. (PR = Public Relation)
ကျနော်က ပြဿနာတွေကို ဖြေရှင်းရတာနဲ့ စိန်ခေါ်မှုရှိတဲ့ အလုပ်တွေကို နှစ်သက်ပါတယ် ။ လူထုဆက်ဆံရေး လုပ်ရတာနဲ့ ဖေါက်သည်တွေကို ၀န်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေမှာ ပျော်ရွှင်ပါတယ် ။
မှတ်ချက် : ကျနော်ကြိုက်တာကတော့ About yourself ပဲမေးမေး Describe yourself ပဲမေးမေး ကျနော်တို့နဲ့ဆိုင်တဲ့ (53,54 ကဲ့သို့) ကိုယ်ရေးကိုယ်တာ အချက်အလက်တွေရော ၊ (58,59,60 ကဲ့သို့) ဘယ်လိုလူစားမျိုးလဲ ဆိုတာရော အားလုံးပါအောင် ပေါင်းပြီး ဖြေလိုက်တာကို ကြိုက်ပါတယ် ။ ကိုယ်ရေးအချက်အလက် စာရွက်တင်ပြပြီးသားဆိုရင်တော့ ဘယ်လိုလူမျိုးလဲ ဆိုတာကိုပဲ ဖြေရင် ရနိုင်ပါလိမ့်မယ် ၊ အဲဒီနေရာက အရေးကြီးပါတယ် ခိုက်သွားအောင် ဖြေတတ်ဖို့လိုတယ်နော် ..
ကိုယ့်ရဲ့ပင်ကိုယ်စရိုက် ၊ ပညာရေး ၊ ကျွမ်းကျင်မှု ၊ အတွေ့အကြုံတွေနဲ့ ဆက်စပ်မှုရှိပြီး အင်တာဗျူးဖြေတဲ့အခါ ဘယ်လိုဖြေရမလဲဆိုတာကို ကြိုတင်စဉ်းစား လေ့ကျင့်ထားသင့်ပါတယ်.. ကျနော်တို့ ဖြေတဲ့အဖြေတွေက ရှေ့နောက်ညီညွတ်ပြီး တစ်ခုကိုတစ်ခု အထောက်အကူ ဖြစ်နေမှ ကောင်းပါတယ် ။
………………….
Vocabularies (ဝေါဟာရများ)
…..
Describe (v) စကားလုံးဖြင့် ဖေါ်ပြသည်
Description (n) စကားလုံးဖြင့် ဖေါ်ပြချက်
A little bit (n) = a small amount ပမာဏနည်းနည်း
Briefly (adv) အကျဉ်းချုပ်ပြီး
Personality (n) ပင်ကိုယ်စရိုက် ၊ ထူးခြားသော ပင်ကိုယ်အရည်အသွေး
Dedicated (adj) နှစ်မြှုပ်ထားသော
Contact (n, v, adj) အဆက်အသွယ် ၊ ဆက်သွယ်သည် ၊ ဆက်သွယ်မှုရှိသော
Interact (v) အပြန်အလှန်ထိတွေ့တုန့်ပြန်သည်
People person (n) လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုရှိသူ
Challenges (n) စိန်ခေါ်မှုများ
…………………..
အလုပ်ကောင်းကောင်းတွေ ရကြပါစေ ၊ အလုပ်မှာပျော်ရွှင်ကြပါစေ ၊ တိုးတက်မှုတွေရကြပါစေ..
.
မေတ္တာဖြင့် ..

ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/ heart emoticon

Post a Comment

0 Comments

Close Menu